စမ်းချောင်းမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ

0
76

စမ်းချောင်းမြို့နယ်၌ ရပ်ကျေးအုပ်ချုပ်ရေးမှူးနေအိမ် လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံရ

ရန်ကုန်တိုင်း၊စမ်းချောင်းမြို့နယ်၊မြေနီကုန်းမြောက်ရပ်ကွက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအောင့်မြင့်၏နေအိမ်အား ဇွန် ၂၃ ရက်မွန်းလွဲပိုငိးက လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီကျော်ခန့်က မြေနီကုန်းမြောက်ရပ်ကွက်၊ရှမ်းကုန်းလမ်းနေ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအောင်မြင့်၏နေအိမ်အား အမည်မသိအမျိုးသားများမှ လမ်းမပေါ်မှတဆင့်လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ပေါက်ခံခဲ့ရသော်လည်း လက်လုပ်ဗုံးမှာချို့ယွင်းမှုဖြစ်ပေါ်ခဲ့သဖြင့် ပေါက်ကွဲမှုမဖြစ်ခဲ့၍ ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များထံဆက်သွယ်အကြောင်းကြားခဲ့သဖြင့် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး CCTV မှတ်တမ်းများအား ကြည့်ရှု့စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးအောင်မြင့်၏ နေအိမ်အား Brave Eagles(UG)အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏လူမှုကွန်ယက်စာ မျက်နှာ၌ရေးသားထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here