နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

0
147

နမ့်ခမ်းမြို့တွင် ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊နမ့်ခမ်းမြို့၊အမှတ် (၁)မန့်ခမ်းရပ်ကွက်ရှိ နမ့်ခမ်း-မူဆယ်သွားကားလမ်းတွင် ဇွန် ၂၁ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၈ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များသည် နမ့်ခမ်း-မူဆယ်သွားလမ်း၌ မူဆယ်ဘက်မှနမ့်ခမ်းဘက်သို့ ကိုခါးအောင် မောင်းလာသည့် TOYOTA HILUX REVO ကားအားတားဆီးစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာကားပေါ်မှ ငွေကျပ်သိန်း ၃၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ(၅ ဒသမ ၉၄ ကီလို)နှင့် စိတ်ကြွဆေးပြား(၂ ဒသမ ၂၂ သိန်းပြား)အား ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

အဆိုပါ ဘိန်းဖြူနှင့်စိတ်ကြွဆေးပြားများအား ကွတ်ခိုင်မြို့နယ်မှနမ့်ခမ်းမြို့နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအမှုဖွင့်ကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here