ရုရှားစစ်ဘက်ကုန်တင်လေယာဉ်တစ်စင်းပျက်ကျ၊ ၃ ဦးသေဆုံး

0
72

ရုရှားစစ်ဘက်ကုန်တင်လေယာဉ်တစ်စင်းပျက်ကျ၊ ၃ ဦးသေဆုံး

Ilyushin Il-76 အမျိုးအစား ရုရှားစစ်ဘက်ဆိုင်ရာ ကုန်တင်လေယာဉ်တစ်စင်းဟာ ရုရှားနိုင်ငံအနောကပိုင်း ရာဇန်မြို့အနီးမှာ ဒီနေ့ ဇွန် ၂၄ ရက်နံနက်ပိုင်းက ဆင်းသက်ရာ ပျက်ကျခဲ့ပြီး မီးလောင်ပေါက်ကွဲခဲ့တာကြောင့် လေယာဉ်ပေါ်ပါသူ ၉ ဦးအနက် ၃ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းနိုင်ငံ Interfax သတင်းဌာနက ဆိုပါတယ်။

ကျန်တဲ့ ၆ ဦးကတော့ ဒဏ်ရာတွေရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလေယာဉ်ဟာ လေ့ကျင့်ရေးအတွက် ပျံသန်းစဉ် အင်ဂျင်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကလဲ အတည်ပြုပြောကြားပါတယ်။ သေဆုံးသူအရေအတွက်ကိုတော့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

Ref: Russian military cargo plane crashes, killing three -Ifax


LEAVE A REPLY

Please enter your comment!
Please enter your name here