မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီး ကျောင်းသား၊ကျောင်းသူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပစ္စည်းများထောက်ပံ့

0
223

မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီး ကျောင်းသား၊ကျောင်းသူများအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျောင်းသုံးပစ္စည်းများထောက်ပံ့

ထိုင်းနိုင်ငံ၊မဲဆောက်မြို့၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသ မီး ကျောင်းသား၊ကျောင်းသူများအတွက် ပုံ နှိပ်စာအုပ်များနှင့်ကျောင်းသုံးဗလာစာအုပ်များအား ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်းတို့က ဇွန် ၂၂ ရက်နံနက်ပိုင်းက ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ် သည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီး ကျောင်းသား၊ကျောင်းသူများအတွက် KG တန်းမှ Grade-11 အထိ ပုံနှိပ်စာအုပ် ၅၆၃၈ စုံ၊ကျောင်းသုံးဗလာစာအုပ်ဒါဇင် ၅၀၀ တို့အား ထောက်ပံ့ပေးအပ်ရာ မြန်မာရွှေ့ပြောင်းလုပ်သားပညာရေးကော်မတီဥက္ကဋ္ဌနော်စာအယ်စေးဖိုးမှလက်ခံရယူခဲ့သည်။

“မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်ကျောင်းသား၊ကျောင်းသူတွေ ပညာသင်ကြားရေးဆိုင်ရာကိစ္စတွေကို အချိန်မရွေးတင်ပြနိုင်ပါတယ် လိုအပ်တာတွေကိုအတတ်နိုင်ဆုံးထောက်ပံ့ပေးသွားပါ့မယ်”ဟု ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here