မတ္တရာမြို့နယ်တွင် စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးရေနစ်သေဆုံး

0
180

မတ္တရာမြို့နယ်တွင် စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးရေနစ်သေဆုံး

မန္တလေးတိုင်း၊မတ္တရာမြို့နယ်တွင် ဇွန် ၂၄ ရက် (ယနေ့)နံနက် ၆ နာရီခွဲခန့်က စက်လှေတစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မတ္တရာမြို့နယ်ရှိ မြွေဟင်္သာကျေးရွာမှစကျင်ကျေးရွာသို့ မောင်းနှင်လာသော စက်လှေတစ်စီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းအရ မတ္တရာမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ Madaya Rescue နှင့်လက်ပံလှ Rescue အသင်းဝင်များနှင့်အနီးပတ်ဝန်းကျင်နေသူများက ဝိုင်းဝန်းရှာဖွေကယ်ဆယ်ခဲ့ကြသည်။

ထို့ကြောင့် စက်လှေပေါ်၌လိုက်ပါလာသည့် အ မျိုးသား ၅ ဦးအနက် ၄ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ် ဖွဲ့ဌာနချုပ်မှ သိရသည်။

အလားတူ ကျန်အမျိုးသားတစ်ဦးအား နံနက် ၁၁ နာရီ ၅၅ မိနစ်၌ ရေနစ်သေဆုံးနေသည့် ရုပ်အ လောင်းအား ရှာဖွေတွေ့ရှိခဲ့ရကြောင်း သိရသည်၊

ထိုသို့ ရှာဖွေတွေ့ရှိခဲ့သဖြင့် ရုပ်အလောင်းအား Madaya Rescue အသင်းမှလူနာတင်ကားဖြင့် မတ္တရာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here