အောင်ပန်းမြို့ရှိ မူလွန်ကျောင်း၏ စာသင်ခန်းအ တွင်း၌ ခြိမ်းခြောက်စာနှင့်အတူ လက်လုပ်မိုင်းတစ်လုံးထောင်ထားသည်ကို ရှင်းလင်းနိုင်ခဲ့

0
299

အောင်ပန်းမြို့ရှိ မူလွန်ကျောင်း၏ စာသင်ခန်းအ တွင်း၌ ခြိမ်းခြောက်စာနှင့်အတူ လက်လုပ်မိုင်းတစ်လုံးထောင်ထားသည်ကို ရှင်းလင်းနိုင်ခဲ့

ရှမ်းပြည်(တောင်ပိုင်း)၊ကလောမြို့နယ်၊အောင် ပန်းမြို့၊သာမိုင်းခမ်းကျေးရွာရှိ မူလွန်ကျောင်း၏ စာသင်ခန်းတစ်ခုအတွင်း၌ ဇွန် ၂၂ ရက်နံနက်ပိုင်းက တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီက သာမိုင်းခမ်းကျေးရွာ မူလွန်ကျောင်း၏ Grade-4 စာသင်ခန်းအတွင်းနံရံထောင့်၌ ခြိမ်းခြောက်စာတစ်စောင်နှင့်အတူ Keypad ဖုန်းဖြင့်ချိတ်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား ထောင်ထားသည်ကိုတွေ့ရှိခဲ့ရသည်၊

စာသင်ခန်းအတွင်းလက်လုပ်မိုင်းတွေ့ရှိကြောင်း သတင်းအရ လုံခြုံရေးအဖွဲ့ဝင်များမှစစ်ဆေး၍ လက်လုပ်မိုင်းအား သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းခဲ့ကြောင်း သိရသည်။

အလားတူ ယင်းနေ့နံနက် ၈ နာရီခန့်တွင် ကရင် ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ရွှေညောင်ပင်ကျေးရွာရှိ အ.လ.က ကျောင်း၊ နံနက် ၈ နာရီခွဲတွင် မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊လေး ပင်ကျေးရွာရှိ အ.ထ.က(ခွဲ)ကျောင်း၊အမရပူရမြို့ နယ်၊အောင်ချမ်းသာရပ်ကွက်ရှိ (မြစ်ငယ်)အ.ထ. က ကျောင်း၊နံနက် ၉ နာရီခန့်တွင် မကွေးတိုင်း၊သ ရက်မြို့နယ်၊သဲဖြူကျေးရွာရှိ အ.လ.က(ခွဲ) ကျောင်းတို့၌ ဆရာ၊ဆရာမများနှင့်ကျောင်းသား၊ကျောင်းသူများအား ကျောင်းမတက်ရန်ခြိမ်း ခြောက်သည့်စာများကပ်ထားသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းခဲ့ကြသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးနှင့်ဥပဒေအရထိရောက်စွာအရေးယူနိုင်ရေးတို့အတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here