မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရပ်ကွက် ၁၂ ခုတွင် ဇွန် ၂၅ ရက်(မနက်ဖြန်)၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

0
212

မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရပ်ကွက် ၁၂ ခုတွင် ဇွန် ၂၅ ရက်(မနက်ဖြန်)၌ လျှပ်စစ်မီးယာယီပြတ်တောက်မည်

ရန်ကုန်တိုင်း၊မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ ရပ် ကွက် ၁၂ ခုတွင် ဇွန် ၂၅ ရက်(မနက်ဖြန်)၌ လျှပ် စစ်ဓာတ်အားပေးလုပ်ငန်းများ၏ ကြိုတင်ပြင် ဆင်ခြင်းလုပ်ငန်းများပြုလုပ်ရာတွင် လျှပ်စစ် ဓာတ်အားယာယီပြတ်တောက်မည်ဟု YESC မှအသိပေးခဲ့သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ သာယာကုန်း၊ရေတွင်းကုန်း၊တောင်ညွန့်ကြီး၊ကန်/ရှေ့၊ကန်/နောက်၊ကန်/တောင်၊ကန်/မြောက်၊သိမ်ဖြူမီးရထား၊တောင်ညွန့်မီးရထား၊ ဖဆပလ၊ဖို့မြေ၊လွတ်လပ်ရေးရပ်ကွက်တို့၌ နံနက် ၉ နာရီမှမွန်းလွဲ ၃ နာရီအထိ လျှပ်စစ်မီးယာယီပြတ်တောက်မည်ဖြစ်သည်။

ရန်ကုန်တိုင်းအတွင်းရှိ ဓာတ်အားခွဲရုံ( ၄ )ရုံ၊( အလုံ၊လှော်ကား၊ရွာမ၊သာကေတ)တို့၌ ခွဲရုံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းအား YESC မှဆောင်ရွက်
လျှက်ရှိရာ သာကေတဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် 66kV သာကေတ-သီတာ ( ၁ )ဓာတ်အားလိုင်းနှင့် 66kV သာကေတ-သီတာ ( ၂ )ဓာတ်အားလိုင်းတို့အား 66kV GIS Switch Bay တွင်တပ်ဆင်ဓာတ်အားပေးရန်ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ လျှပ်စစ်မီးယာယီပြတ်တောက်ချိန်၌ အ ရေးကြီးနေရာများတွင် လျှပ်စစ်မီးပြတ်တောက်မှုမရှိစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု YESC မှအသိပေးကြေညာခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here