ဆိပ်မူကျေးရွာရှိ စာသင်ကျောင်းတစ်ခုတွင် စာသင်နေချိန် လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ခံရ

0
170

ဆိပ်မူကျေးရွာရှိ စာသင်ကျောင်းတစ်ခုတွင် စာသင်နေချိန် လက်လုပ်မိုင်းဖြင့် လာရောက်ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ စာ သင်ကျောင်း (၁) ကျောင်းအား လက်လုပ်မှိုင်းဖြင့် ပစ် ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ ဇွန်လ (၂၄) ရက် နေ့လယ် (၁၂) နာရီ ဝန်းကျင်တွင် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာရှိ အထက ကျောင်းအား အမည်မသိ အမျိုးသား (၂) ဦးက လက်လုပ်ဗုံးဖြင့် ပစ် ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

” စာသင်နေတဲ့အချိန် လုပ်သွားတာပဲ။ လူတော့ ထိခိုက်တာ မရှိဘူး။ ကျောင်းဆောင်က မှန်တွေကွဲသွားတာတော့ရှိတယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

အဆိုပါ လက်လုပ်မိုင်းဖြင့် ပစ်ခတ်မှုကြောင့် အထက ဆိပ်မူကျောင်းအတွင်းရှိ နှစ်ထပ် ကျောင်းဆောင်တစ်ခုမှ ပြတင်းပေါက် မှန် (၆)ချပ်၊ ကျောင်းစာကြည့်တိုက်မှန် (၄) ချပ်နှင့် ကွန်ကရစ်ရေမြောင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူများသည် ကျောင်းအနောက်ဘက်လမ်းမှ မော်တော်ဆိုင်ဖြင့်လာရောက်ကာ ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး စာကြည့်တိုက်နှင့် နှစ်ထပ်ကျောင်းဆောင်အကြားတွင် ကျရောက်ပေါက်ကွဲ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆိပ်မူ အထက ကျောင်းတွင် ကျောင်းသား ကျောင်းသူ (၁၅၀၀) ဝန်းကျင်နှင့် ဆရာဆရာမ (၃၀) ဝန်းကျင် တက်ရောက် ပညာသင်ကြးလျက် ရှိကြောင်း သိရသည်။

ဓာတ်ပုံ – EPN


LEAVE A REPLY

Please enter your comment!
Please enter your name here