တောင်ကြီးမြို့၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေး ရာနှင့်သက်မွေးပညာစင်တာတည်ဆောက်မည်

0
209

တောင်ကြီးမြို့၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေး ရာနှင့်သက်မွေးပညာစင်တာတည်ဆောက်မည်

ရှမ်းပြည်(တောင်ပိုင်း)၊တောင်ကြီးမြို့၊အေးသာ ယာ၊ကွင်းအမှတ် ၂၂၊ခပေါင်းရေကြည်ရပ်ကွက်၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် မဲခေါင်-လန်ချန်းအထူးရံပုံငွေ အမေရိကန်ဒေါ်လာ ၆၇၄ ဒသမ ၃၂၅ သန်းဖြင့် တည်ဆောက်သွားမည်ဖြစ် ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

လက်ရှိအချိန်၌ ရှမ်းပြည်နယ်တိုင်းရင်းသားရေး ရာနှင့်သက်မွေးပညာစင်တာတည်ဆောက်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါဖိတ်ခေါ်ထားသည်ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းထံမှ သိရသည်။

“ရှမ်းပြည်နယ်ရဲ့ တချို့ဝေးလံတဲ့ဒေသတွေမှာဆိုရင် လူငယ်တချို့ဟာ စာသင်ကျောင်းမှာစာကိုပြီးအောင်မသင်ကြားနိုင်တာတို့ မသင်ခဲ့ရတာတို့ ပ ညာရေးတစ်ဝက်တစ်ပျက်နဲ့ထွက်သွားရတဲ့လူတွေရှိတယ် ဒါ့ကြောင့် သူတို့ရဲ့အသက်မွေးဝမ်း ကျောင်းလုပ်ငန်းတွေကိုသင်ပေးမယ် သူတို့စိတ် ဝင်စားတဲ့ဘာသာရပ်တွေကိုသင်ကြားပေးသွားမှာပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးဦအောင်ကြည်ဝင်းကပြောသည်။

အဆိုပါ စင်တာ၌ ၁၇၄ ပေ၊ ၅၀ ပေ၊အကျယ်ရှိကာအမြင့် ၁၂ ပေရှိသည့် ပင်မအဆောက်အဦးနှ့် မီးဖိုဆောင်၊ထမင်းစားဆောင်တို့ပါဝင်မည်ဖြစ် ကြောင်း သိရသည်။

“တစ်ကြိမ်ကို သင်တန်းသားဦးရေ ၅၀ အထိသင် ကြားပေးဖို့အတွက် မျှော်မှန်းထားတယ် သင်တန်းကမွေးထုတ်ပေးလိုက်တဲ့ကလေးတွေဟာ သူတို့ရပ်ရွာကိုပြန်ရောက်ရင် သူတို့ကိုယ်ပိုင်အသက် မွေးဝမ်းကျောင်းလုပ်ငန်းလေးတွေ အသေးစားလုပ်ငန်းလေးတွေလုပ်ကိုင်ပြီးစားဝတ်နေရေးကိုဖြေရှင်းနိုင်ဖို့အတွက်ရည်ရွယ်ထားပါတယ်”ဟု တိုင်းရင်းသားရေးရာဝန်ကြီးဦးအောင်ကြည်ဝင်းကပြောသည်။

သင်တန်း၌ ဆိုင်ကယ်ပြင်ခြင်း၊ဂဟေဆက်ခြင်း၊လျှပ်စစ်ပြုပြင်ထိန်းသိမ်းခြင်း၊ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လက်သမားသင်တန်းများအား ကဏ္ဍခွဲခြား၍ သင်ကြားပေးသွားမည်ဖြစ် ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here