သုံးနိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပမည့် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား

0
198

သုံးနိုင်ငံထိပ်သီးအစည်းအဝေး ကျင်းပမည့် ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား

တိုကျို၊ ဇွန် ၂၄ ရက်

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယားနိုင်ငံတို့သည် ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သုံးနိုင်ငံထိပ်သီး ဆွေးနွေးပွဲအားကျင်းပရန် ဆွေးနွေးနေကြကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲအား ဇွန်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့၌ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ကိုယ်တိုင် တက်ရောက်မည်ဖြစ်သော နေတိုး ထိပ်သီးအစည်းအဝေး၏ အပြင်ဖက်တွင် သီးခြားပြုလုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

၎င်းနေတိုးအစည်းအဝေးသို့ ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှိဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယော တို့သည်လည်း စစ်ရေးမဟာမိတ်အဖွဲ့ကို ထောက်ခံကြောင်းပြသသည့်အနေဖြင့် မိတ်ဖက်နိုင်ငံများအဖြစ် ပါဝင်တက်ရောက် သွားမည်ဖြစ်သည်။

အမေရိကန်သည် ဂျပန်နှင့် တောင်ကိုရီးယားတို့ကြား ဆက်ဆံရေးပိုမိုကောင်းမွန်လာရန် လိုလားနေပြီး ပြုလုပ်မည့် သုံးနိုင်ငံထိပ်သီးအစည်းအဝေးသည်လည်း ပြန်လည်သင့်မြတ်ရေးအတွက် လမ်းခင်းပေးမည်ဟု မျှော်လင့်ထားကြောင်း သိရသည်။ဂျပန်နှင့်​တောင်ကိုးရီးယားသည်စစ်အတွင်းတုန်းက အလုပ်သမားပြသနာ​ ​ကြောင့် ဆက်ဆံ​ရေးများ​အေးခဲ​နေခဲ့ကြပြီး ဂျပန်ဖက်က ​တွေ့ဆုံဖို့ ပိုတွန့်ဆုတ်​နေခဲ့သည်။

သုံးနိုင်ငံခေါင်းဆောင်များသည် ၂၀၁၇ ခုနှစ် စက်တင်ဘာလ၌ နောက်ဆုံးအကြိမ်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
ယင်းသုံးနိုင်ငံထိပ်သီးအစည်းအဝေး၌ သတ္တမအကြိမ်မြောက် နျူကလီးယားလက်နက်အား စမ်းသပ်ရန် ပြင်ဆင်နေသော မြောက်ကိုရီးယားနှင့် ပတ်သက်၍ မည်ကဲ့သို့ အတူတကွ ပူးပေါင်းဆောင်ရွက်ရန်နှင့် တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်နိုင်မှုစွမ်းရည်များကိုပါ မြှင့်တင်သွားရန်အတွက် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါသုံးနိုင်ငံသည် ဇွန်လ ၁၁ ရက်နေ့၌ စင်္ကာပူတွင် ပြုလုပ်ခဲ့သော ကာကွယ်ရေးဝန်ကြီးများ အစည်းအ‌ဝေးတွင်လည်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများအား ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြသည်။

Source: Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here