ချမ်းအေးသာစံမြို့နယ်၌ အမျိုးသားတစ်ဦးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးရာမှ ရှော့တိုက်ဒုံး ၂ လုံးနှင့်အတူဖမ်းမိ

0
169

ချမ်းအေးသာစံမြို့နယ်၌ အမျိုးသားတစ်ဦးအား စစ်ဆေးရန်ရပ်တန့်ခိုင်းစဥ် ထွက်ပြေးသဖြင့်လိုက်လံ ဖမ်းဆီးရာမှ ရှော့တိုက်ဒုံး ၂ လုံးနှင့်အတူဖမ်းမိ

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်၊စိတ္တရမဟီရပ်ကွက်ရှိ သီရိမင်္ဂလာရပ်ကွက်တွင် ဇွန် ၂၄ ရက် (ယနေ့)မွန်းတည့်ပိုင်းက လုံခြုံရေးအဖွဲ့ဝင်များမှ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မွန်းတည့် ၁၂ နာရီခန့်က သီရိမင်္ဂလာအိမ်ယာဝင်းအတွင်း၌ မသင်္ကာဖွယ်အမျိုးသားတစ်ဦးအား တွေ့ရှိရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးရန်ပြုလုပ်စဥ် ထွက်ပြေးခဲ့၍ ပိတ်ဆို့ဖမ်းဆီးခဲ့ကြသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းနှင့်အတူပါ လာသည့် ဂျပ်ဖာအားဖွင့်ဖောက်စစ်ဆေးခဲ့ရာ ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးနှင့်ထိပ်ဖူး ၂ ခု တို့ အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ရှော့တိုက်ဒုံး ၂ လုံးဖြင့် မန္တလေးနန်းတွင်းအား ပစ်ခတ်ရန်လာရောက်ခြင်းဖြစ်ကြောင်း ဖော်ထုတ်စစ်ဆေးသိရှိခဲ့ရသဖြင့် လုံခြုံရေးအဖွဲ့ဝင်များမှ ဥပဒေအရထိရောက်စွာအရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here