အမေရိကန်၌ ကိုဗစ်ဖြစ်ဖူးသူငါးယောက်လျင်တစ်ယောက် ကြာရှည်ကိုဗစ်လက္ခဏာများရှိ​နေ

0
70

အမေရိကန်၌ ကိုဗစ်ဖြစ်ဖူးသူငါးယောက်လျင်တစ်ယောက် ကြာရှည်ကိုဗစ်လက္ခဏာများရှိ​နေ

အမေရိကန်၏လေ့လာတွေ့ရှိချက်အရ အရွယ်ရောက်ပြီးသား ကိုဗစ်ဖြစ်ခဲ့ဖူးသူ လူငါးဦးလျှင် တစ်ဦးသည်အရှင်းမပျောက်ပဲ ကြာရှည်ကိုဗစ်ရောဂါလက္ခဏာများ ကျန်ရှိနေတတ်သည်ဟု ကျန်းမာရေးဌာနမှတာဝန်ရှိသူတစ်ဦးက ဇွန် ၂၃ ရက် ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့သည်။

ယခုအချက်အလက်များကို အမေရိကန်၏ Census Bureau မှ ဇွန်လ ၁ ရက်မှ ၁၃ ရက်နေ့အထိစုဆောင်းခဲ့ပြီး ရောဂါထိန်းချုပ်ရေးနှင့်ကုသရေးစင်တာ (CDC) မှစီစစ်ခဲ့သည်။

ကြာရှည်ကိုဗစ်ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ မှတ်ဥာဏ်ခက်ခဲခြင်း၊ နာတာရှည်နာကျင်ခြင်း၊ အာရုံခံမူမမှန်ခြင်းနှင့် ကြွက်သားအားနည်းခြင်းတို့ဖြစ်သည်။

သို့သော် ၎င်းတို့သည် ရောဂါကူးစက်မှုမှ ပြန်လည်ကောင်းမွန်လာပြီးနောက် တစ်ပတ် သို့မဟုတ် လအနည်းငယ်အကြာတွင်သက်သာသွားနိုင်သည်။

CDC ၏ လေ့လာတွေ့ရှိမှုအရ အရွယ်ရောက်ပြီးသူလူငယ်များသည် သက်ကြီးရွယ်အိုများထက် ရောဂါလက္ခဏာများပြင်းထန်နိုင်ခြေ ပိုများကြောင်းတွေ့ရှိခဲ့သည်။

ထို့ပြင် အမျိုးသမီးများသည် အမျိုးသားများထက် ကိုဗစ်​ဖြစ်ခြင်းတာရှည်နိုင်ကြောင်းလေ့လာမှုအရသိရှိရသည်။

စစ်တမ်းအရ ကန်တကီ နှင့် အလာဘားမား ပြည်နယ်တို့သည် ကြာရှည်ကိုဗစ်ရောဂါလက္ခဏာရှိသူ ရာခိုင်နှုန်းအများဆုံးဖြစ်ပြီး ဟာဝိုင်အီ၊မေရီလန်း နှင့် ဗာဂျီးနီးယားတို့က အနိမ့်ဆုံးဖြစ်သည်ဟူ၍ ပြည်နယ်များအလိုက် ကွဲပြားမှုများရှိခဲ့သည်။

Source – Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here