ချောင်းဦးတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရသဖြင့် (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရ

0
87

ချောင်းဦးတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခံရသဖြင့် (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးမြို့တွင် လက်လုပ်စိန်ပြောင်းနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂) ဦး သေဆုံးကာ (၄) ဦး ဒဏ်ရာရှိသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၃) ရက်နေ့ ည (၉) နာရီဝန်းကျင်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ချောင်းဦး – အမြင့်လမ်းဆုံဘက်မှနေ၍ ချောင်းဦးမြို့တွင်းသို့ လက်လုပ်စိန်ပြောင်းများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တမာမြိုင်ရပ်ကွက်ရှိ လူနေအိမ်များပေါ်သို့ လက်လုပ်စိန်ပြောင်း ကျည်များကျရောက်ပေါက်ကွဲခဲ့သည့်အတွက် မြို့နယ်စည်ပင်သာယာဦးစီးဌာနမှ စာရေး ဒေါ်ဝါဝါမိုး(၂၃)နှစ် (ဘ)ဦးကြည်လွင်နှင့် ဒေါ်ပေါက်ပေါက် (ခ) ဒေါ်ထားထားနွယ်(၅၀)နှစ် (ဘ) ဦးဌေးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့အပြင် ဦးကြည်လွင်(၅၀) နှစ် (ဘ)ဦးချစ်အောင်၊ပညာ ရေးဝန်ထမ်းဖြစ်သူ ဦးမောင်မောင်ကျော်(၄၁)နှစ် (ဘ)ဦးဉာဏ်ရှိန်၊ ဒေါ်နွယ်စန်း(၅၃)နှစ် (ဘ) ဦးဘိုလေးနှင့် ဒေါ်မိုးမိုးအောင် (၃၅) နှစ်တို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ချောင်းဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ပစ်ခတ်တိုက်ခိုက်မှု ကျူးလွန်ခဲ့သည့် အဖွဲ့များအား လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်း ဖက်အဖွဲ့များ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားသည့်အ တွက် ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here