လော့စ်အိန်ဂျလိစ်တွင် ဆီဆိုင်အသစ်ဖွင့်ခြင်းကိုတားမြစ်ပြီး လျှပ်စစ်ကားအားဖြည့်ဆိုင်များစတင်​ဖွယ်ရှိ

0
141

လော့စ်အိန်ဂျလိစ်တွင် ဆီဆိုင်အသစ်ဖွင့်ခြင်းကိုတားမြစ်ပြီး လျှပ်စစ်ကားအားဖြည့်ဆိုင်များစတင်​ဖွယ်ရှိ

ရာသီဥတု အကျပ်အတည်းကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတွင် လော့စ်အိန်ဂျလိစ်သည် ဓာတ်ဆီဆိုင်အသစ်များ ဆောက်လုပ်ခြင်းကို တားမြစ်နိုင်ဖွယ်ရှိပြီး လျှပ်စစ်ကားကိုအစားထိုးအသုံးပြု​တော့မည်ဖြစ်သည်။

ထိုအစီအစဉ်ကို အကောင်အထည်ဖော်ဖြစ်ပါက ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့စ်အိန်ဂျလိစ်သည် ဓာတ်ဆီဆိုင်များ ဆောက်လုပ်ခြင်းကိုတားမြစ်သည့် ဒုတိယမြောက်‌မြို့ဖြစ်လာနိုင်ပြီး ပထမဆုံးတားမြစ်သည့်မြို့မှာ Petaluma ဖြစ်သည်။

ဗုဒ္ဓဟူးနေ့တွင် လော့စ်အိန်ဂျလိစ်မြို့တော်ကောင်စီဝင် Paul Koretz သည် အမေရိကန်နှင့် ကနေဒါရှိမြို့ငယ်များနှင့်အတူ ယခုမူဝါဒကို အကောင်အထည်ဖော်ရန်လုပ်ဆောင်နေသည်ဟုကြေငြာခဲ့သည်။

LA သည် လောင်စာသုံးစွဲမှုကို ကန့်သတ်ရန်ရည်ရွယ်ထားသည့် မြို့များအုပ်စု SAFE City လှုပ်ရှားမှုတွင် ပါဝင်​လာတော့မည်ဖြစ်သည်။

LAတွင် ရေနံတူးဖော်မှု ရပ်ဆိုင်းတော့မည်ဖြစ်ကာ လျှပ်စစ်အစားထိုးရေးသို့ လုပ်​ဆောင်နေပြီးလောင်စာဆီ ကင်းမဲ့သည့်သယ်ယူပို့ဆောင်​ရေးအဖြစ် ဦးတည်သွားနေကြောင်း ယခုမူဝါဒကို လုပ်ဆောင်နေသည့် LA ကောင်စီအဖွဲ့ဝင် Paul Koretz ကပြောကြားခဲ့ပါသည်။

ယခုဆောင်ရွက်ချက်နှင့်ပတ်သက်၍ ဥပဒေမူကြမ်း (သို့) ဖြစ်နိုင်ခြေမဲများလာမည့်အချိန်နှင့်ပတ်သက်၍ မဖော်ပြထားသော်လည်း Koretz သည်ဤမူဝါဒကို ၂၀၂၂ နှစ်ကုန်တွင် ယခုထက်တိုးတက်အောင် လုပ်ဆောင်နေကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။

SAFE Cities ၏အစီရင်ခံစာအသစ်တွင် ဓာတ်ဆီဆိုင်များသည် လူမှုအသိုက်အဝန်းအတွက် ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် နှင့် ငွေကြေးဆိုင်ရာ ဘေးအန္တရာယ်များစွာကို မည်ကဲ့သို့ထိခိုက်စေကြောင်း​ဖော်ပြပြီးနောက် LA ၏ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ မပြောပလောက်သော ယိုဖိတ်မှုပမာဏသည်ပင် မြေဆီလွှာနှင့် ရေကိုသိသိသာသာ ညစ်ညမ်းစေနိုင်ပြီး ယခင်ဓာတ်ဆီဆိုင်များသည် Brownfield site များစွာကို ဖြစ်ပေါ်စေသည်ဟု အစီရင်ခံစာတွင်ဖော်ပြထားသည်။

( Brownfield Site – ယခင်လုပ်ဆောင်ခဲ့ဖူးသော လုပ်ငန်းတစ်ခုကြောင့် ပျက်စီးကျန်ရစ်သောမြေ၊သို့သော်ပြန်လည်ပြုပြင်ထိန်းသိမ်းအသုံးပြုနိုင်သည်)

Source – WionNews


LEAVE A REPLY

Please enter your comment!
Please enter your name here