မန္တလေးတိုင်းရှိ ကိုလိုနီခေတ်အဆောက်အဦး ၃၃ လုံးအား ရှေးဟောင်းတရားဝင်အဆောက်အဦးများအဖြစ်သတ်မှတ်

0
666

မန္တလေးတိုင်းရှိ ကိုလိုနီခေတ်အဆောက်အဦး ၃၃ လုံးအား ရှေးဟောင်းတရားဝင်အဆောက်အဦးများအဖြစ်သတ်မှတ်

မန္တလေးတိုင်းရှိ ကိုလိုနီခေတ်အဆောက်အဦး ၃၃ လုံးအား ရှေးဟောင်းတရားဝင်အဆောက်အဦးအဖြစ် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှ သတ်မှတ်ခဲ့ကြောင်း သိရသည်။

“မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုရင် ထိန်း သိမ်းစောင့်ရှောက်ထားတဲ့ ယဥ်ကျေးမှုအမွေအနှစ်ဇုံ ၄၈ ဇုံရှိတယ် အဲဒီထဲကမှမန္တလေးတိုင်းမှာ ၁၁ ဇုံရှိတယ် ၁၁ ဇုံထဲမှာမှ တကောင်းနဲ့ပုဂံကတော့သက်ဆိုင်ရာညွှန်ကြားရေးမှူးတွေနဲ့သီးခြားကာကွယ်ထိန်းသိမ်းစောင့်ရှောက်ထားပာတယ်”ဟု ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)၏ ညွှန်ကြားရေးမှူးဒေါက် တာသန်းထိုက်ကပြောသည်။

ထို့ပြင် ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ)မှထိန်းသိမ်းစောင့်ရှောက်ထားသည့် ရှေးဟောင်းအမွေအနှစ်ဇုန် ၉ ဇုန်ရှိကာ ၂၀၂၂ ခုနှစ်၊ဧပြီလနှင့်မေလတို့တွင်ရှေး ဟောင်းအဆောက်အုံများစာရင်းအား တရားဝင်ပြန်လည်ပြုစုထားကြောင်း သိရသည်။

ထိုသို့ ပြန်လည်ပြုစုထားသည့် စာရင်းအရ ၂၀၂၂ ခုနှစ်အတွင်း ပြင်ဦးလွင်မြို့ရှိ ကိုလိုနီခေတ်ရှေး ဟောင်းအဆောက်အဦး ၁၅ လုံးနှင့်မန္တလေးတိုင်းရှိ ခရိုင်၊မြို့နယ်တို့မှ ကိုလိုနီခေတ်အဆောက်အဦး ၁၈ လုံး(စုစုပေါင်း ၃၃ လုံး)အားရှေးဟောင်းအ ဆောက်အဦးအဖြစ် ထပ်မံသတ်မှတ်၍ ထိန်း သိမ်းကာကွယ်စောင့်ရှောက်ထားကြောင်း သိရသည်။

“သက်တမ်း နှစ် ၁၀၀ ပြည့်တိုင်း ကိုလိုနီခေတ်အ ဆောက်အဦးတွေကို ရှေးဟောင်းအဆောက်အဦးအဖြစ်တရားဝင်သတ်မှတ်တာမဟုတ်ပါဘူးကြွင်း ကျန်ခဲ့တဲ့ ရှေးဟောင်းအဆောက်အဦးက သမိုင်းတန်ဖိုး သူ့ရဲ့ဗိသုကာလက်ရာ အနာပညာလက်ရာ ထူးခြားထင်ရှားတဲ့ယဥ်ကျေးမှုအမွေအနှစ်အ ထောက်အထားကြွင်းကျန်မှု ဒါတွေပေါ်ကြည့်ပြီး သတ်မှတ်ထားတဲ့စံနှုန်းတွေနဲ့ပြည့်မီမှပဲ ကျွန် တော်တို့ကတရားဝင်ရှေးဟောင်းအဆောက်အဦးအဖြစ်သတ်မှတ်ပါတယ်”ဟု ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်ကပြောသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်အတွင်း၌ ပြင်ဦးလွင်မြို့နယ်ရှိ ကိုလိုနီခေတ်အဆောက်အဦးများအား တရားဝင်ရှေးဟောင်းအဆောက်အဦးများအဖြစ်သတ်မှတ်နိုင်ရန် ကွင်းဆင်းတိုင်းတာသုတေသနပြုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“တရားဝင်ရှေးဟောင်းအဆောက်အဦးအဖြစ်သတ်မှတ်လိုက်တဲ့အားသာချက်က နိုင်ငံတော်ထိန်းသိမ်းစောင့်ရှောက်တဲ့အဆင့်ဝင်သွားတယ် သက်ဆိုင်ရာပုဂ္ဂလိကပိုင်ရှင်ရှိခဲ့ရင်လည်း ကျွန် တော်တို့နဲ့ပူးပေါင်းပြီး ထိန်းသိမ်းပြုပြင်မွန်းမံတာတွေဆောင်ရွက်သွားဖို့ လုပ်ဆောင်ရမှာပါ အဆ ောက်အဦးရဲ့မူလပုံစံပျက်ယွင်းမှုမဖြစ်စေဖို့‌ ရှေးမူမပျက်ထိန်းသိမ်းစောင့်ရှောက်သွားဖို့ဖြစ်ပါတယ်”ဟု ညွှန်ကြားရေးမှူးဒေါက်တာသန်းထိုက်ကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here