ရှေးဟောင်းသမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြင့်တင်သွားမည်

0
177

ရှေးဟောင်းသမိုင်းဝင် ဝဇီရာရုပ်ရှင်ရုံအား ဂုဏ်ပြုခံကဇာတ်ရုံအဖြစ် အဆင့်မြင့်တင်သွားမည်

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် ဇွန် ၂၄ ရက်က ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ရှေးဟောင်းသမိုင်း ဝင် ဝဇီရာရုပ်ရှင်ရုံအား သွားရောက်ကြည့်ရှု့စစ် ဆေးစဥ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန ညွှန်ကြားရေးမှူးချုပ်မှရှင်းလင်းတင်ပြခဲ့ခြင်းဖြစ်သည်။

မြန်မာ့ရုပ်ရှင်သမိုင်းတွင် အရေးပါသည့် ရှေး ဟောင်းသမိုင်းဝင် ဝဇီရာ ရုပ်ရှင်ရုံကြီးအား အ ဆင့်မြှင့်တင်ပြင်ဆင်ထိန်းသိမ်းခွင့်ရသဖြင့် အ ထူးဝမ်းမြောက်ကာ ဝဇီရာ ရုပ်ရှင်ရုံကြီးသည် ၁၉၂၀ ပြည့်နှစ်၌ တည်ဆောက်ခဲ့ခြင်းဖြစ်၍ မြန် မာနိုင်ငံ၏ ရှေးအကျဆုံးရုပ်ရှင်ပြဇာတ်ရုံကြီးတစ်ခုဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။

“နိုင်ငံတကာမှာ ရှေးဟောင်းရုပ်ရှင်ရုံကြီးတွေကို တန်ဖိုးထားထိန်းသိမ်းပြီး ရိုးရာယဉ်ကျေးမှုအမွေ အနှစ်တွေ အနုပညာဖန်တီးမှုတွေကို စီစဉ်ပြသနေကြပါတယ် ဒါ့ကြောင့် ရုပ်ရှင်ရုံကြီးကိုပြင်ဆင်ရာမှာ သာမန်အဆောက်အအုံတစ်ခုကိုပြင်ဆင်ထိန်း သိမ်းတဲ့ ပုံစံမျိုးနဲ့လုပ်လို့မရဘဲ ရှေးဟောင်းအ ဆောက်အအုံတွေ ပြင်ဆင်ထိန်းသိမ်းရာမှာ လိုက် နာဆောင်ရွက်ရမယ့် စည်းကမ်းချက်တွေအတိုင်း စနစ်တကျပြင်ဆင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းကပြောသည်။

ထို့ပြင် ဝဇီရာရုပ်ရှင်ရုံကြီးအား ပြင်ဆင်ထိန်း သိမ်းပြီးပါက စာပေ၊ရုပ်ရှင်၊ဂီတ၊သဘင် နယ်ပယ်အသီးသီးမှ ပွဲလမ်းသဘင်များအား စီစဉ်ကျင်းပနိုင်မည်ဖြစ်ကာ ရှေးဟောင်းသမိုင်းဝင် ရုပ်ရှင်ရုံကြီးဖြစ်၍ ခင်းကျင်းပြသမှုအပိုင်းနှင့် ဖျော်ဖြေတင်ဆက်မှုအပိုင်းများတွင် အဆင့်အတန်းမြင့်မြင့်ဆောင်ရွက်ရမည်ဟု ပြောသည်။

ဝဇီရာရုပ်ရှင်ရုံအား ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်တွင် အလျား ၁၁၅ ပေခန့်၊အနံ ၁၄၀ ပေခန့်ဖြင့် ၁၉၂၀ ပြည့်နှစ်တွင် ၁၆ ရာစုမှ ၁၈ ရာစုအတွင်းရှိ ပြင်သစ်ဗိသုကာ အသွင်အပြင်များပေါင်းစပ်ထားသည့် Beaux Arts ဗိသုကာလက်ရာပုံစံ ရုပ်လုံးရုပ်ကြွများဖြင့် တန်ဆာဆင်တည်ဆောက်ခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံ၌ရှေးအကျဆုံး ရုပ်ရှင်ပြဇာတ်ရုံဖြစ်ပြီး မူလနာမည်မှာ Excelsior(အိတ်ဆဲ စီယာရုံ)ဖြစ်ကာ ၁၉၄၂ ခုနှစ်တွင် အေဝမ်းရုပ်ရှင်ရုံ၊ ၁၉၆၈ ခုနှစ်တွင် ဝဇီရာ ရုပ်ရှင်ရုံဟုပြောင်းခဲ့သည်။

လက်ရှိအချိန်တွင် ဝဇီရာရုပ်ရှင်ရုံအား ရုပ်ရှင်ရုံသာမက ပြဇာတ်၊ဇာတ်သဘင်၊ရုပ်သေး၊အက၊ဂီ တပွဲ၊ဆွေးနွေးပွဲ၊အစည်းအဝေးပွဲများ၊သင်တန်း ကျောင်း၊စတူဒီယို၊အနုပညာဖန်တီးနိုင်သည့် နေ ရာ၊နိုင်ငံတကာရုပ်ရှင်ပွဲတော်များ၊ရုပ်ရှင်နှင့်ပတ် သက်သည့် အမှတ်တရပွဲများ၊ Memory Film Festival ပွဲတော်များကျင်းပနိုင်သည့် နေရာဖြစ်စေရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ပြည်ပခရီးသွားဧည့်သည်များအားလရှေးဟောင်းအမွေအနှစ်ပြတိုက်တစ်ခုအဖြစ် လည်ပတ်ရန် နေရာအဖြစ်ဖန်တီးကာ စနေ၊တနင်္ဂ နွေနေ့များ၌ ရှေးဟောင်းဇာတ်ကားများ၊ရုပ်သေး ပွဲများ၊ရုပ်ရှင်နှင့်ပတ်သက်သည့် ပြခန်းများပြသနိုင်ရန်လည်းရည်ရွယ်၍ အဆင့်မြှင့်တင်သွားမည်ဖြစ်သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here