ထိုင်းနိုင်ငံရှိ ခရိုင် ၂ ခုတွင် ကလေးငယ် ၃ ဦးအပါ အဝင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင် ငံသား ၆၇ ဦးဖမ်းဆီးခံရ

0
116

ထိုင်းနိုင်ငံရှိ ခရိုင် ၂ ခုတွင် ကလေးငယ် ၃ ဦးအပါ အဝင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင် ငံသား ၆၇ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ကန်ချနဘူရီခရိုင်နှင့်ပရာ့ကျွပ်ခရိုင်တို့တွင် ဇွန် ၂၄ ရက်က အသီးသီးဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သ မားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ကန်ချနဘူရီခရိုင်နှင့်ပရာ့ကျွပ်ခရိုင်တို့မှ တာဝန်ရှိသူများသည် တရားမဝင်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ ၎င်းတို့ပုန်းအောင်းနေသည့် နေရာများအား သွားရောက်ရှာဖွေစစ်ဆေးခဲ့ကြသည်။

ထိုသို့ စစ်ဆေးရာ ခရိုင် ၂ ခုအတွင်း၌ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားပုန်းအောင်းရန် ကူညီပေးခဲ့သည့် ထိုင်းနိုင်ငံသားတစ်ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထို့နောက် ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ပွဲ စားခအဖြစ် တစ်ဦးလျင်ထိုင်းဘတ်ငွေ ၂၀၀၀ မှ ၂၈၀၀၀ အထိပေးချေခဲ့ရပြီး ကချင်းပြည်နယ်၊ဧ ရာ၀တီတိုင်း၊မော်လမြိုင်မြို့၊ပဲခူးတိုင်းနှင့် ထား ၀ယ်ခရိုင်တို့မှလာရောက်သူများဖြစ်ကြောင်း စစ် ဆေးသိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းကျန်းမာ ရေးအဖွဲ့များမှ ဆေးစစ်မှုမျပြုလုပ်ကာ ထိုင်းနိုင်ငံဥပဒေအရအရေးယူနိုင်ရန် သက်ဆိုင်ရာခရိုင်အ သီးသီးရှိ ရဲစခန်းများသို့လွှဲပြောင်းပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here