မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး အလုပ်သွားစဥ်ကားတိုက်ခံရပြီးထပ်မံသေဆုံး

0
100

မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး အလုပ်သွားစဥ်ကားတိုက်ခံရပြီးထပ်မံသေဆုံး

မလေးရှားနိုင်ငံ၊ဆလန်းကောပြည်နယ်၊ကလန်းမဲရှူးမြို့နယ်တွင်နေထိုင်သည့် မြန်မာနိုင်ငံသားတစ်ဦးဖြစ်သည့် ကိုဇေယျာအောင်သည် အလုပ်သွားစဥ်ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

ကိုဇေယျာအောင်သည် ဇွန် ၁၇ ရက်ကအလုပ်သွားရန် မိန်းလမ်းမအားဖြတ်ကူးချိန်၌ တစ်ဖက်ယာဥ်ကြောမှမောင်းနှင်လာသည့် ကားမှဝင်တိုက်မိခဲ့ခြင်းဖြစ်ကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူကိုဇေယျာအောင်သည် စစ်ကိုင်းတိုင်း၊ဂန့်ဂေါမြို့နယ်၊သင်တောကျေးရွာ(ယောဒေသ) တွင်နေထိုင်သူဖြစ်ကာ အသက်(၃၇)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသူ၏ ရုပ်လောင်းအား ဇွန် ၂၆ ရက်(မနက်ဖြန်)နံနက် ၁၁ နာရီခွဲ၌ မလေးရှားနိုင်ငံ၊ကွာလာလမ်ပူမြို့ရှိ ချဲရပ်သုဿန် ဂျလန်ကွာလီတွင်သဂြိုလ်သွားမည်ဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)မှ သိရသည်။

မလေးရှားနိုင်ငံ၌ ဇွန် ၁၆ ရက်ကလည်း မြန်မာ နိုင်ငံသူတစ်ဦးဖြစ်သည့် မပြည်ခင်မယ်မှာ အလုပ်သွားစဥ်ကားတိုက်ခံခဲ့ရသဖြင့် ဇွန် ၂၅ ရက် (ယနေ့)တွင် ရပ်အလောင်းအား သဂြိုလ်ပြီးစီးခဲ့သည်ဟု သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here