မူလတန်းနှင့် အလယ်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သွားမည့် ပေကျင်း

0
41

မူလတန်းနှင့် အလယ်တန်းကျောင်းများအား ပြန်လည်ဖွင့်လှစ်သွားမည့် ပေကျင်း

ရှန်ဟိုင်း၊ ဇွန် ၂၅ ရက်

ပြီးခဲ့သည့်ရက်ပိုင်းများအတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ လျော့နည်းသွားသောကြောင့် တနင်္လာနေ့မှစ၍ မြို့တော်ရှိ မူလတန်းနှင့် အလယ်တန်းမှ ကျောင်းသူကျောင်းသားများ အားလုံး လူကိုယ်တိုင်လာရောက်၍ အတန်းများပြန်လည်တက်ရောက်နိုင်ကြောင်း ပေကျင်းပညာရေးကော်မရှင်က ဇွန်လ ၂၅ ရက် စနေနေ့၌ ပြောကြားခဲ့သည်။

ပေကျင်းသည် မေလ အစောပိုင်း၌ ကျောင်းများအားလုံးကို ပိတ်ချခဲ့ကာ ကျောင်းသားများကိုလည်း ဒေသတွင်း၌ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှုများ မြင့်တက်နေစဉ်အတွင်း အွန်းလိုင်းသင်ကြားရေးစနစ်ဖြင့်သာ ဆက်လက်သင်ကြားစေခဲ့သည်။

သူငယ်တန်းများကိုမူ ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍၄င်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများကို ဇွန်လ ၂ ရက်နေ့မှ စတင်၍၄င်း ပြန်လည်တက်ရောက်ခွင့် ပြုခဲ့ကြောင်း သိရသည်။

ပေကျင်းသည် မတ်လမှ မေလအထိ အိုမီခရွန် ကိုဗစ်-၁၉ ကပ်ရောဂါမျိုးကွဲ ပျံ့နှံ့မှုကို ထိန်းချုပ်ရန် တားမြစ်ချက်များ ပြုလုပ်ခဲ့သည့် မြို့များထဲမှ တစ်မြို့ဖြစ်သည်။ ထိုသို့ပြုလုပ်ခဲ့မှုကြောင့် ရောဂါဖြစ်ပွားမှုများ ကျဆင်းခဲ့သော်လည်း အကျိုးဆက်အနေဖြင့် နိုင်ငံ၏ စီးပွားရေးကို အကြီးအကျယ် ထိခိုက်စေခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here