ဟောင်ကောင်အားတရုတ် ပြည်မသို့ လွှဲ​ပြောင်းသည့် ၂၅နှစ်ပြည့် နှစ်ပတ်လည်ပွဲသို့ ရှီကျင့်ဖျင် တက်ရောက်မည်

0
191

ဟောင်ကောင်အားတရုတ် ပြည်မသို့ လွှဲ​ပြောင်းသည့် ၂၅နှစ်ပြည့် နှစ်ပတ်လည်ပွဲသို့ ရှီကျင့်ဖျင် တက်ရောက်မည်

ရှန်ဟိုင်း၊ ဇွန် ၂၅ ရက်

ဟောင်ကောင်အား တရုတ်ပြည်မကြီးသို့ လွှဲပြောင်းခြင်း ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ်တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင်သို့ လာရောက်မည်ဖြစ်ကြောင်း ဆင်းဟွာသတင်းဌာ က ဇွန်လ ၂၅ ရက် စနေနေ့၌ ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်သည် ကိုဗစ် ကပ်ရောဂါ ကူးစက်ပြန့်ပွားပြီးနောက်ပိုင်း ၂၀၂၀ ခုနှစ် ဇန်နဝါရီလ မှစ၍ တရုတ်ပြည်မကြီးပြင်ပသို့ သွားရောက်လည်ပတ်မည့် သမ္မတရှီ၏ ပထမဆုံးခရီစဉ်ဖြစ်ကြောင်း သိရသည်။

သမ္မတ ရှီကျင့်ဖျင်သည် ဟောင်ကောင်၏ အမိမြေသို့ ပြန်လည်ရောက်ရှိခြင်း ၂၅ နှစ်မြောက် အထိမ်းအမှတ် အစည်းအဝေးသို့ တက်ရောက်မည်ဟု ဆင်ဟွာသတင်းစာ၌ ရေးသားထားသည်။

ထို့အပြင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ အထွေထွေအတွင်းရေးမှူး သာမက ဗဟိုစစ်ကော်မရှင်၏ ဥက္ကဌလည်း ဖြစ်သည့် ရှီသည် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ ဆဌမအကြိမ်အာဏာရအစိုးရ၏ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်မည်ဖြစ်ကြောင်း ထပ်မံဖော်ပြထားသည်။

ဟောင်ကောင်မြို့တော်ခေါင်းဆောင် ကယ်ရီလမ် ကျမ်းသစ္စာကျိန်ဆိုသည့် ၂၀၁၇ ခုနှစ်ပွဲသည် ရှီ နောက်ဆုံးလာရောက်လည်ပတ်မူဖြစ်သည်။ ယင်းကဲ့သို့ အဓိကကျသည့် အခမ်းအနားနေ့များ၌ ဟောင်ကောင်သို့ တရုတ်ခေါင်းဆောင်များ သွားရောက်ခြင်းသည် ဓလေ့ထုံးတမ်းတစ်ခုဖြစ်ကြောင်း သိရသည်။

မြိုတော်၏ ခေါင်းဆောင်ရာထူးအား ဂျွန်လီမှ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် လက်ရှိ တာဝန်ထမ်း​နေသည့် ကယ်ရီလမ်ထံမှ လွှဲပြောင်းတာဝန်ယူမည် ဖြစ်သည်။

ဟောင်ကောင်အား ဗြိတိသျှကိုလိုနီတို့ ၁၅၆ နှစ်ကြာအုပ်ချုပ်ပြီးနောက် ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် တရုတ်ပြည်ပထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

Source: CNA

 


LEAVE A REPLY

Please enter your comment!
Please enter your name here