ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
208

ကွမ်းခြံကုန်းမြို့နယ်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ရန်ကုန်တိုင်း၊ကွမ်းခြံကုန်းမြို့နယ်၊ကော့ဒွန်းကျေး ရွာ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေလင်းအောင် သည် ဇွန် ၂၅ ရက်(ယနေ့)နေ့လည်ပိုင်းက သေ နတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေလင်းအောင်အား အမည်မသိအမျိုးသားများက ကော့ဒွန်းကျေးရွာနှင့်သဲကုန်းတန်းကျေးရွာသွားလမ်းပေါ်တွင် သေ နတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးဦးနေလင်းအောင်သည် ကျည်ထိမှန်ဒဏ်ရာများရရှိကာအခင်းဖြစ်နေရာ၌ သေဆုံးသွားသဖြင့် ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေး၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here