မုံရွာမြို့ရှိ ပညာရေးဒီဂရီကောလိပ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်

0
319

မုံရွာမြို့ရှိ ပညာရေးဒီဂရီကောလိပ်တွင် လက်လုပ်ဗုံးပေါက်ကွဲမှုဖြစ်

စစ်ကိုင်းတိုင်း၊မုံရွာမြို့၊ပြည်တော်သာရပ်ကွက်၊သာစည်လမ်းရှိ ပညာရေးဒီဂရီကောလိပ်တွင် ဇွန် ၂၄ ရက်နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း နစက မှထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၉ နာရီ ၅၅ မိနစ်ခန့်က ပညာရေးဒီဂရီကောလိပ်၏ လေ့ကျင့်ရေးအလယ်တန်းကျောင်းအား သာစည်လမ်းအတိုင်း အမည်မသိအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်မောင်းနှင်လာကာ လက်လုပ်ဗုံးဖြင့်ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ ပစ်ပေါက်မှုကြောင့် လက်လုပ်ဗုံးသည် ကျောင်းဝင်ပေါက်ရှေ့ရှိ သာစည်လမ်းပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ဖြစ်စဥ်ကြောင့် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here