ဆူးလေဆိပ်ကမ်းတံတားမှတဆင့် နိုင်ငံ ၃ နိုင်ငံသို့ သင်္ဘော ၅ စီးဖြင့် ဆန်တန်ချိန်တစ်သိန်းခွဲတန်ခန့်တင်ပို့မည်

0
199

ဆူးလေဆိပ်ကမ်းတံတားမှတဆင့် နိုင်ငံ ၃ နိုင်ငံသို့ သင်္ဘော ၅ စီးဖြင့် ဆန်တန်ချိန်တစ်သိန်းခွဲတန်ခန့်တင်ပို့မည်

မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်စည်ဖြစ်သည့် ဆန်နှင့်ဆန်ထွက်ပစ္စည်းများအား ပင်လယ်ရေကြောင်းမှတဆင့် Bulk Carrier သင်္ဘောကြီးများတွင်(ဝမ်းပုံစနစ်)ဖြင့် ဆူးလေဆိပ်ကမ်းတံ တားများမှ ဥရောပနှင့်အာဖရိကနိုင်ငံများသို့ နှစ် စဉ်တင်ပို့လျှက်ရှိသည်။

ထိုသို့ တင်ပို့လျက်ရှိရာ လက်ရှိအချိန်၌ ဆူးလေဆိပ်ကမ်းတံတား ၇ စင်းတွင် ဘယ်လ်ဂျီယံနိုင်ငံသို့ ၃ စီး၊စပိန်နိုင်ငံနှင့်တိုဂိုနိုင်ငံတို့သို့ ၁ စီးစီဖြင့် ဆန်တန်ချိန် ၁၄၃၄၀၀ တန်ချိန်တင်ပို့ထွက်ခွာမည့် သင်္ဘောကြီး ၅ စီးသည် တံတားနေရာပြည့်ဆိုက် ကပ်ထားကြောင်း သိရသည်။

အဆိုပါ သင်္ဘောများသည် အလျား ၁၈၃ မီတာရှိ ၂ စီး၊အလျား ၁၈၆ မီတာရှိ ၂ စီးနှင့်အလျား ၂၀၀ မီတာရှိ ၁ စီးတို့ဆိုက်ကပ်ထားခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ဆန်နှင့်ဆန်ထွက်ပစ္စည်းများအား ၂၀၂၁ ခုနှစ်၊ဧပြီလမှ ၂၀၂၂ ခုနှစ်၊မတ်လအထိ ဆူးလေဆိပ်ကမ်းတံတား ၇ ခုမှ သင်္ဘောအစီး ၉၀ ဖြင့် ဆန်တန်ချိန် ၁၃၅၇၂၀၂ တန်၊ ၂၀၂၂ ခုနှစ်၊ဧ ပြီလမှဇွန်လအထိ ၃ လအတွင်းသင်္ဘော ၂၇ စီးဖြင့် ဆန်တန်ချိန် ၅၈၂၃၃၀ တန်တင်ပို့ထားပြီးဖြစ် ကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here