Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စူးစမ်းလေ့လာမှုများဆောင်ရွက်လျက်ရှိ

0
187

Hydromatrix စနစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရန် စူးစမ်းလေ့လာမှုများဆောင်ရွက်လျက်ရှိ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့်စွမ်းအင်ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်မှ နေ ပြည်တော်၊ဇေယျာသီရိမြို့နယ်ရှိ ပေါင်းလောင်းတမံ၊ရေထိန်းဆည်(Wier)နှင့်တပ်ကုန်းမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန၊ရွှေမြို့ပင်မဓာတ်အားခွဲရုံတို့ကိုကြည့်ရှုစစ်ဆေးစဥ်ပြောကြားခဲ့ခြင်းဖြစ်သည်။

ပေါင်းလောင်းမြစ်အားအခြေခံ၍ ပေါင်းလောင်းမြစ်ပေါ်တွင် အထက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံ ၁၄၀ မဂ္ဂါဝပ်၊နန်ချိုဓာတ်အားပေးစက်ရုံ ၄၀ မဂ္ဂါဝပ်နှင့်အောက်ပေါင်းလောင်းဓာတ်အားပေးစက်ရုံ ၂၈၀ မဂ္ဂါဝပ် တို့အားထုတ်လုပ်လျက်ရှိပြီး အလယ်ပေါင်းလောင်းစက်ရုံအား ၁၆၆ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်ဟုပြောသည်။

“စီးဆင်းလာတဲ့ရေကို အကျိုးရှိစေဖို့အတွက် ထပ်ပြီး Hydromatrix စနစ်နဲ့ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး စူးစမ်းလေ့လာမှုတွေကို အချိန်တိုအ တွင်း အမြန်ရရှိအောင်ဆောင်ရွက်သွားဖို့လိုပါတယ် အဲ့လိုဆောင်ရွက်ရာမှာလည်း သဘာဝပတ် ဝန်းကျင်ထိခိုက်နစ်နာမှု အနည်းဆုံးဖြစ်အောင် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ်”ဟု ပြည် ထောင်စုဝန်ကြီးဦးသောင်းဟန်ကပြောသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်သည် လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦး စီးဌာန၊ရွှေမြို့ပင်မဓာတ်အားခွဲရုံ၌ အန္တရာယ် ကင်းစွာဖြင့် ဓာတ်အားစဉ်ဆက်မပြတ်ပို့လွှတ်ဖြန့် ဖြူးပေးနိုင်ရန်၊ ဗို့အားပြည့်ပြည့်ဝဝဖြင့်ပြည်သူ လူထုအသုံးပြုနိုင်ရန် ဆောက်ရွက်ရမည်ဟု မှာ ကြားသည်။

အလားတူ ဓာတ်အားပျောက်ဆုံးမှုလျော့နည်းကျ ဆင်းရန်၊ဓာတ်အားခွဲရုံသုံးလျှပ်စစ်ပစ္စည်းများ ကြံ့ခိုင်ကောင်းမွန်ရန်၊ဓာတ်အားခွဲရုံနှင့်ရုံးအ ဆောက်အဦးသန့်ရှင်းသာယာလှပရန်၊လုံခြုံရေးသတိအမြဲရှိစေရန်၊ဝန်ထမ်းများ သက်သာချောင် ချိရေးနှင့်ဓာတ်အားခွဲရုံအတွင်းရှိ မြေနေရာလွတ်များတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများစီမံဆောင်ရွက်သွားရန် ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here