ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်ကား ၂ စီးတိုက် ၈ ဦးဒဏ်ရာရ

0
138
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၌ ခရီးသည်တင်ကား ၂ စီးတိုက် ၈ ဦးဒဏ်ရာရ
 
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ခရီးသည်တင်ကား ၂ စီးတိုက်မိမှု ဇွန် ၂၅ ရက်မွန်းလွဲ ၃ နာ ရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့သည်ဟု အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ သိရသည်။
 
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့စခန်းအပိုင် မိုင်တိုင်အ မှတ်-၈၁/၄ တွင် နေပြည်တော်ဘက်မှရန်ကုန် ဘက်သို့မောင်းနှင်လာသည့် ခရီးသည်တင်ကား ၂ စီးသည် ရှေ့ဆင့်နောက်ဆင့်တိုက်မိခဲ့ခြင်းဖြစ် သည်။
 
ထိုသို့ တိုက်မိမှုကြောင့် အမျိုးသား ၃ ဦးနှင့်အမျိုး သမီး ၅ ဦး(စုစုပေါင်း ၈ ဦး)တို့တွင် ထိခိုက်ဒဏ် ရာများရရှိခဲ့သဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
 
ဖြစ်စဥ်အား မြို့ချောင်းအမြန်လမ်းမီးသတ်တပ်ဖွဲ့နှင့်မြို့ချောင်းအမြန်လမ်းရဲတပ်ဖွဲ့တို့မှ ကူညီကယ် ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး ခရီးသည်တင်ကားမောင်းသူ ၂ ဦးအား ဥပဒေအရအရေးယူရန်ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here