အမေရိကန်၏ သေနတ်ထိန်းချုပ်ရေးဥပဒေအတွက် သမ္မတဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုး

0
132

အမေရိကန်၏ သေနတ်ထိန်းချုပ်ရေးဥပဒေအတွက် သမ္မတဂျိုးဘိုင်ဒင်လက်မှတ်ရေးထိုး

ဝါရှင်တန်၊ဇွန် ၂၅

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်သည် ဆယ်စုနှစ်များအတွင်း ပထမဆုံးအကြိမ်အ‌နေဖြင့်သိသာထင်ရှားသည့် သေနတ်ထိန်းချုပ်ရေးဥပဒေကို ဇွန် ၂၅ ရက် စနေနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ယခုဥပဒေသည် ‘အသက်များကိုကယ်တင်နိုင်လိမ့်မည်’ ဟုဆိုခဲ့သည်။

ဘိုင်ဒင်သည် နိုင်ငံ၏ ပထမဆုံးသော သေနတ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ဖက်ဒရယ်မူကြမ်းကိုလက်မှတ်ရေးထိုးခဲ့ပြီး ၎င်း၏ပြောစကားအရ ယခုဥပဒေကြမ်းသည် အမှန်တကယ်လိုအပ်သည့် အချက်များပါဝင်မှုနည်းပါးနေသော်လည်း “အသက်များကိုတော့ ကယ်တင်နိုင်မည်ဖြစ်သည်” ဟုဆိုသည်။

ဥပဒေသစ်တွင် လူငယ်ဝယ်လက်များအတွက် ပိုမိုတင်းကျပ်မြှင့်တင်ထားသော နောက်ကြောင်းရာဇဝင်စစ်ဆေးမှုများနှင့် “အလံနီ” ဥပဒေကို ပြဋ္ဌာန်းထားသည့်ပြည်နယ်များအတွက် ဖက်ဒရယ်ငွေ‌ကြေးထောက်ပံ့မှုများပါဝင်သည်။

အလံနီဥပဒေဟူသည်ကား သေနတ်ကိုင်ဆောင်ထားသူတစ်ဦးသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊အခြားသူများကိုသော်လည်းကောင်း အသက်အန္တရာယ်ခြိမ်းခြောက်နိုင်ကြောင်း တာဝန်ရှိသူများကသံသယရှိပါက ၎င်း၏သေနတ်ကိုင်ဆောင်ခွင့်ကို အချိန်မရွေးသိမ်းယူနိုင်သည့် အာဏာကိုသက်ဆိုင်ရာပြည်နယ်၏ရဲများနှင့်တရားရုံးများကိုပေးအပ်ထားသည့်ဥပဒေဖြစ်သည်။

ယခုဥပဒေသစ်တွင် ဒေါ်လာသန်းပေါင်းများစွာကို အသုံးပြုရန်ဖယ်ထားပြီး ၎င်းတို့ကို သေနတ်ကိုင်ဆောင်ခွင့်မရှိသူများအတွက် လက်နက်ဝယ်ယူပေးသည့် သူများကို နှိမ်နင်းရန် နှင့်သေနတ်ရောင်းဝယ်ဖောက်ကားမှုတိုက်ဖျက်ရေးတွင်အသုံးပြုမည်ဖြစ်သည်။

ရီပတ်ဘလစ်ကန်နှင့် ဒီမိုကရက်နှစ်ဖက်စလုံး၏ထောက်ခံမှု ထူးထူးခြားခြားရရှိထားသော ဥပဒေသစ်ကို Biden က “ထူးခြားသည့်အထိမ်းအမှတ်” အဖြစ် အသိအမှတ်ပြုခဲ့သည်။

အစုလိုက်အပြုံလိုက် ပစ်ခတ်မှုကျူးလွန်သူသေနတ်သမားများ မကြာခဏအသုံးပြုလေ့ရှိသော စစ်တပ်ပုံစံသေနတ်များကို တားမြစ်ပိတ်ပင်ခြင်းသည်သမ္မတဘိုင်ဒင်နဲ့ အခြားဒီမိုကရက်များလိုချင်နေကြသော ခိုင်မာသည့်စည်းမျဉ်းများစွာထဲက တစ်ခုဖြစ်သော်လည်း ယခုဥပဒေတွင်မပါဝင်သေးပေ။ထို့ပြင် သေနတ်ဝယ်ယူမှုအားလုံးအတွက် နောက်ခံအ‌ကြောင်းရင်းစစ်ဆေးမှုများလုပ်ရန် အချိန်ယူမှုလည်း လိုအပ်နေသေးသည်။

Source – Wionews

 


LEAVE A REPLY

Please enter your comment!
Please enter your name here