စံခရပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားအချို့ ဖမ်းဆီးခံရ

0
83

စံခရပူရီတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ နိုင်ငံသားအချို့ ဖမ်းဆီးခံရ

ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားအချို့နှင့် ထိုင်းပွဲစားအချို့ကို ဒေသအာဏာပိုင်တွေက ယမန်နေ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စံခရပူရီခရိုင်းအတွင်းရှိ နေအိမ်တစ်လုံးတွင် တရားမဝင် မြန်မာနိုင်ငံသားများ ရောက်ရှိနေကြောင်း သတင်းအရ ဝင်ရောက်ဖမ်းဆီးရာ မြန်မာနိုင်ငံသား (၁၉) ဦးနှင့် ထိုင်းပွဲစား (၆) ဦးကို ဖမ်းဆီးရမိချင်း ဖြစ်ကြောင်း ဌာနေ ရဲအရာရှိတစ်ဦး၏ ပြောစကားကိုအခြေခံ၍ ဘန်ကောက်ပို့စ် သတင်း တစ်ရပ်တွင် ဖော်ပြသည်။

ဝင်ရောက် ဖမ်းဆီးခြင်းကို ထိုင်း လဝက၊ ရဲနှင့် စစ်တပ် ပူးပေါင်းအဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခံရသူများသည် မြန်မာနိုင်ငံ ဒေသအသီး သီးမှ အလုပ်အကိုင် ရှာဖွေရန် လာရောက်ကြသူများဖြစ်ပြီး တစ်ဦးလျှင် ထိုင်းဘတ်ငွေ (၃၂၀၀၀) ပွဲစားအား ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ဖမ်းဆီး ခံရသူများထဲတွင် အမျိုးသား (၁၂) ဦး၊ အမျိုး သမီး (၇) ဦး၊ ထိုင်းပွဲစား အမျိုးသား (၁) ဦးနှင့် လက် ထောက်(၅) ဦး ပါဝင်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာ (၁၉) ဦးကို ကိုယ်အပူချိန် တိုင်းတာစစ်ဆေးမှုများ ပြု လုပ်ကာ ထိုင်းပွဲစားများနှင့်အတူ ထိုင်း လဝက ဥပဒေဖြင့် အရေးယူရန် ဆောင်ရွက်နေကြောင်းလည်း ဘန် ကောက်ပို့စ်က ဖော်ပြသည်။

ဇွန်လ ၂၄ ရက်ကလည်း အဆိုပါ စံခရပူရီနှင့် ထောင်ဖာဖွန် နယ်မြေတို့တွင် တရားဝင် ဝင်ရောက်လာသည့် မြန်မာနိုင်သား (၄၀) နီးပါးနှင့် လမ်းပြအချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းဘက်က သတင်း ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here