ရန်ကုန်မြို့၌ အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့

0
287

ရန်ကုန်မြို့၌ အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီးခဲ့

ရန်ကုန်တိုင်း၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ရန်ကုန်အနောက်ပိုင်းကုန်တင်ယာဥ်ရပ်နားကွင်း၌ ၃၅ ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာမူးယစ်ဆေး ဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားအား ဇွန် ၂၆ ရက်(ယ နေ့)နံနက် ၈ နာရီက ကျင်းပရာတွင်မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မီးရှို့ဖျက်ဆီးရာတွင် ရန်ကုန်တိုင်းအတွင်းမှဖမ်း ဆီးရမိခဲ့သည့် ငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော်)တန် ဖိုးရှိ ဘိန်းဖြူ ၁၆၂ ဒသမ ၉၂ကီလို၊ကတ်တမင်း ၁၃၄၅ ဒသမ ၉၂၂ကီလို၊စိတ်ကြွဆေးပြား ၆၅ သန်းကျော်၊အိုက်(စ်) ၇၅၉၉ ကီလိုကျော်၊ဘိန်းစာ ရွက် ၁၁၇၇ ကီလိုကျော်၊ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင်မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၃၃ မျိုးအား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးခြင်းအခမ်းအ နားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်းက အမှာစကားပြောကြားကာ ရန်ကုန်တိုင်းမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးဝင်းတင့်မှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေးဝန် ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒု-ဗိုလ်ချုပ်ကြီးစိုးထွဋ်ထံမှပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားခဲ့သည်။

အလားတူ ရန်ကုန်တိုင်းမူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများအန္တရာယ်တာဆီးကာကွယ်ရေးအဖွဲ့အတွင်း‌ရေးမှူး၊ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး၊ရဲမှူးချုပ်မျိုးမင်းထိုက်က ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမီးရှို့ဖျက်ဆီးရခြင်းအား ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်တာဝန်ရှိသူ များက မီးရှို့ဖျက်ဆီးမည့်မူးယစ်ဆေးဝါးများအားကြည့်ရှုစစ်ဆေးပြီး မူးယစ်ဆေးဝါးများနှင့်ဆက်စပ်ဓာတုပစ္စည်းများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။

Photo-Aung Myint


LEAVE A REPLY

Please enter your comment!
Please enter your name here