မြင်းခြံမြို့နယ်၌ သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်း ၃ လောင်းတွေ့ရှိ

0
119

မြင်းခြံမြို့နယ်၌ သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်း ၃ လောင်းတွေ့ရှိ

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဂျုပ်ပင်ကျေးရွာအနီးတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသည့် ရုပ်အလောင်း ၃ လောင်းအား ဇွန် ၂၅ ရက်ကတွေ့ရှိခဲ့ရသည်ဟု မြင်းခြံမြို့နယ်အခြေစိုက်လူမှုကူညီရေးအသင်းများမှ သိရသည်။

“ဘယ်အချိန်မှာသေထားတယ် ဘာ့ကြောင့်ပစ်ခံရတယ် ဆိုတာတော့ကျွန်တော်တို့လည်းမသိဘူး ရဲစခန်းက အလောင်းတွေလာသယ်ပေးဖို့ ဖုန်းဆက်ပြီးအကူအညီတောင်းလို့သွားသယ်ပေးခဲ့တာပါ”ဟုလူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် သေဆုံးသူများ၏ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းဝင်များက မြင်းခြံမြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ သေနတ်ဒဏ်ရာများဖြင့်သေဆုံးနေသည့် ရုပ်အလောင်းများသည် အမျိုးသားများဖြစ်ကာ အမည်၊အသက်နှင့်နေရပ်လိပ်စာသိရှိခြင်းမရှိသေးကြောင်း သိရသည်။

သေဆုံးသူများနှင့်ပတ်သက်၍ လုံခြုံရေးအဖွဲ့ဝင်များမှ စစ်ဆေးလျက်ရှိကာ သေမှုသေခင်းဖွင့်လှစ်ထားကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here