သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အာဏာစက်ဖြင့် ပံ့ပိုးကူညီနေကြောင်း မွန်ပြည်နယ်ဝန်ကြီးပြောကြား

0
138

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို အာဏာစက်ဖြင့် ပံ့ပိုးကူညီနေကြောင်း မွန်ပြည်နယ်ဝန်ကြီးပြောကြား

သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်၏ လိုအပ်ချက်များကို အာဏာစက်ဖြင့် ပံ့ပိုး ကူညီနေကြောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောကြားလိုက်သည်။

ဇွန်လ ၂၆ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ် သံဃာ့နာယက အဖွဲ့ရုံးတွင် ကျင်းပသည့် နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဆောင်နှစ်ပတ်လည် အ စည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ် သည်။

“မွန်ပြည်နယ် အစိုးရအဖွဲ့အနေနဲ့ သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်တို့၏ လိုအပ်ချက်၊ ဆုံးဖြတ်ချက်၊ ညွှန်ကြားချက်များကို အာဏာစက်ဖြင့် ပံ့ပိုးကူညီပေးလျက်ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းကပြောသည်။

သံဃာတော် အရှင်သူမြတ်များအနေဖြင့် ဓုရတာဝန်နှစ်ပါးကို ကျေပြွန်စွာ ထမ်းဆောင်ကြပြီး ဒါယကာ၊ ဒါယိ ကာမများက ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းများ ရှိနေသည့်အတွက်ကြောင့် မြန်မာနိုင်ငံတွင် သာသနာတော်ကြီးနှစ်ပေါင်း ၂၅၆၅ နှစ်ကြာအောင်တည့်တံ့ခဲ့ခြင်းဖြစ်ကြောင်းလည်း ‌၎င်းက ပြောသည်။

မွန်ပြည်နယ် အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ အ တွင်း၌လည်း ပြည်နယ်အတွင်းရှိ ဆွမ်းကွမ်း အခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် စာသင်တိုက်များသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲများ ဆက်ကပ်လှူဒါန်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နဝမအကြိမ်မြောက် မွန်ပြည်နယ် သံဃာ့ဝန်ဘဆောင်နှစ်ပတ်လည် အစည်းအဝေးသို့ ပြည်နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ဆရာတော်များ၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here