ဝ ပြည်နယ်၊စစ်ဒေသ ၁၇၁ တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး

0
161

ဝ ပြည်နယ်၊စစ်ဒေသ ၁၇၁ တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက်ဆီး

ဝ ပြည်နယ်၊စစ်ဒေသ ၁၇၁ ပုံပါကျင်မြို့နယ်၊ဟွေအောမြို့နယ်ရုံးကွင်းပြင်တွင် ၃၅ ကြိမ်မြောက် အ ပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိခဲ့သည့် မူး ယစ်ဆေးဝါးများအား ဇွန် ၂၆ ရက်(ယနေ့)နံနက်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့သည်။

စစ်ဒေသ ၁၇၁ တွင် ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အ ထိ ၃ နှစ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားသူ ၃၂ ဦး၊စိတ်ကြွဆေးပြား ၁၁၃၆၆၁၄၂ ပြား၊ ICE ၉၀ ထုတ်၊ဘိန်းမဲ ၅၅ ကီ လိုဂရမ်၊ကဖင်းမှုန့် ၁ ပုလင်း၊နှင်း ၁ ဂရမ်၊ကဖင်းမှုန့် ၉၀ ထုတ်၊လိမ္မော်ဆေးရည် ၄၀ ပုလင်း၊မော်လိကျင်အရည် ၈၆ ပုလင်း၊ကော်မှုန့် ၅၆ ထုတ်၊ဖန်စီဒိုင်း ၆၀၃ ပုလင်း၊ပန်းရောင်မူးယစ်ဆေးဝါးဆက်စပ်ပစ္စည်း ၅ ထုတ်တို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အလားတူ မူးယစ်ဆေးဝါးရောင်းရငွေ ထိုင်းဘတ် ငွေ ၅၀၀၀၁၄ ဘတ်၊တရုတ်ယွမ်ငွေ ၃၀၉ ဒသမ ၁ ယွမ်၊မြန်မာငွေကျပ် ၃၇၀၆၀၀ သိန်း၊ဖုန်း ၅၉ လုံး၊နာရီ ၅ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးသယ် ဆောင်လာသူများနှင့်အတူ AK 47 ၃ လက်၊ကျည် ၁၈၉ တောင့်၊တူမီး ၂ လက်၊ 40M ဗုံးပစ်လောင်ချာ ၁ လက်၊ဗုံးသီး ၁၅ လုံး၊ equipments ၂ ခု၊ 13MM ပစ္စတို ၂ လက်၊ကျည် ၁၀ တောင့်၊ 9MM ၂ လက်၊ကျည် ၅၄ တောင့်၊ M 16 ၂ လက်၊ကျည် ၁၈၁ တောင့်၊ကျည်ကတ် ၃ ခု၊ AK 47 ၂ လက်၊ကျည် ၁၀၀ တောင့်၊ကား ၁၂ စီး၊ဆိုင်ကယ် ၁၁ စီးစကားပြောစက် ၉ လုံးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကိစ္စတွေဟာ တစ်ဦးတစ်ယောက်တည်းလုပ်လို့ မရနိုင်ပါဘူး မိမိတို့အနေနဲ့မျိုးရိုးစဉ်ဆက်ဒုက္ခပေးတဲ့ မူးယစ်ဆေးဝါးပပျောက်ရေးအတွက်ကို တစိုက်မတ်မတ်လုပ် ဆောင်ဖို့ သံဓိဌာန်ချထားပါတယ်”ဟု ဝ ပြည်နယ်၊စစ်ဒေသ ၁၇၁ ၏ ဒု-နိုင်ငံရေးမှူးဦးညီကပ်ကပြောသည်။

ထို့နောက် စစ်ဒေသ ၁၇၁ မှတာဝန်ရှိသူများမှ ဖမ်း ဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား မီးရှို့ဖျက် ဆီးခဲ့ကြကြောင်း သိရသည်။

ဝ ပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေး ဝါးများအား နှစ်စဥ်မီးရှို့ဖျက်ဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်မှစတင်၍ ကိုဗစ်(၁၉)ရောဂါအခြေအနေကြောင့် ယာယီရပ်နားခဲ့ပြီး ယခုနှစ်တွင် ပြန်လည်၍မီး ရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Photo-ရှမ်းအရှေ့သတင်းမဏ္ဏိုင်


LEAVE A REPLY

Please enter your comment!
Please enter your name here