ကျောက်ကြီးနှင့်မုန်းမြို့နယ်ရှိ ကျေးရွာများမှ ရွာ သူရွာသားထောင်ပေါင်းများစွာ စစ်ဘေးရှောင်နေရ

0
143

ကျောက်ကြီးနှင့်မုန်းမြို့နယ်ရှိ ကျေးရွာများမှ ရွာ သူရွာသားထောင်ပေါင်းများစွာ စစ်ဘေးရှောင်နေရ

KNU-ညောင်လေးပင်ခရိုင်၊ကျောက်ကြီးမြို့နယ်နှင့်မုန်းမြို့နယ်တို့ရှိ ကျေးရွာများအနီး၌ လက်နက် ကြီးပစ်ခတ်မှုများရှိနေသဖြင့် ရွာသူ၊ရွာသားထောင်ပေါင်းများစွာမှာ နေအိမ်များအားစွန့်ခွာ၍ ဘေးလွတ်ရာသို့ရှောင်တိမ်းနေရကြောင်း KNU ဗဟိုမှထုတ်ပြန်ခဲ့သည်။

အဆိုပါ ကျေးရွာများအနီး၌ ဇွန် ၂၅ ရက်နံနက်ပိုင်းမှစတင်၍ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU-ဗဟိုမှထုတ်ပြန်ခဲ့သည်။

ထိုသို့ လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့သဖြင့် အမျိုးသား ၃ ဦးနှင့်အမျိုးသမီး ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးကုသမှုခံယူနေရကာ ကျေးရွာများအတွင်းရှိ နေအိမ်အချို့မှာလည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ကျောက်ကြီးမြို့နယ်၊အင်းနက်ကျေးရွာ အုပ်စုမှလူဦးရေ ၂၆၂၂ ဦး၊မုန်းမြို့နယ်ရှိ ရန်မျိုးအောင်ကျေးရွာမှလူဦးရေ ၁၇၀၀ ဦး၊နောင်ကုန်းကျေးရွာမှလူဦးရေ ၈၅၀ ဦးတို့သည် ဘေးလွတ်ရာသို့ နေအိမ်များအားစွန့်ခွာ၍ တိမ်းရှောင်နေရသည်ဟု KNU-ဗဟိုမှထုတ်ပြန်ခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here