ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအားနည်းနေ၍ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် မနက်ဖြန်၌ နေရာကွက်ကျားသာမိုးရွာသွန်းမည်ဟု မိုးဇလခန့်မှန်း

0
180

ဘင်္ဂလားပင်လယ်အော်၌ မုတ်သုံလေအားနည်းနေ၍ ရန်ကုန်မြို့နှင့်အနီးတဝိုက်တွင် မနက်ဖြန်၌ နေရာကွက်ကျားသာမိုးရွာသွန်းမည်ဟု မိုးဇလခန့်မှန်း

မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မုတ်သုံလေသည် ကပ္ပလီပင်လယ်ပြင်၊ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ အားအ သင့်အတင့်ရှိကာ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အားနည်းနေသည်ဟု ဇွန် ၂၆ ရက်ညနေ ၄ နာရီ၌ ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့အနီးတစ်ဝိုက်၊နေပြည်တော်အနီးတစ်ဝိုက်နှင့်မန္တလေးမြို့အနီးတစ်ဝိုက်တို့တွင် ဇွန် ၂၇ ရက်(မနက်ဖြန်)၌ နေရာကွက်ကျားသာမိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလမှခန့်မှန်းထားသည်။

အလားတူ ဇွန် ၂၇ ရက်(မနက်ဖြန်)၌ စစ်ကိုင်း တိုင်းအောက်ပိုင်း၊မကွေးတိုင်းတို့တွင် နေရာကွက် ကျား၊ရခိုင်ပြည်နယ်တွင် နေရာကျဲကျဲ၊ပဲခူးတိုင်း၊ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့်အရှေ့ပိုင်း)၊ချင်း ပြည်နယ်နှင့်ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်မိုးရွာသွန်းမည်ဟု မိုးဇလမှခန့်မှန်းထားသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ကရင်ပြည်နယ်နှင့်မွန် ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်ဟု မိုးဇလမှခန့်မှန်းထုတ်ပြန်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here