နေပြည်တော်တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ(၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ (၁) ဦးသေ (၁) ဦး ဒဏ်ရာရ

0
115

နေပြည်တော်တွင် ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ(၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ (၁) ဦးသေ (၁) ဦး ဒဏ်ရာရ

နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၌ ‌မူလတန်းပြ ကျောင်းအုပ် ဆရာကြီးနှင့် ဆရာ(၂) ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ (၁)ဦး သေဆုံးကာ (၁) ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၅) ရက် ည (၁၀) နာရီဝန်းကျင်က ကျောင်းဝင်းအတွင်းရှိဝန်ထမ်း လိုင်းခန်းတွင် ထမင်း ထိုင်စားနေစဉ် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ် အလယ်ချောင်း(အောက်) ကျေးရွာ အ ခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ် ဆရာ ကြီး ဦးမောင်မောင်တာ၊ မူလတန်းပြဆရာ ဦးနေဝင်းထွန်းနှင့် ဦးလှိုင်မင်းထွန်းတို့ (၃) ဦးသည် ကျောင်းဝင်းအတွင်းရှိ လိုင်းခန်းတွင် ထမင်းစားနေစဉ် အမည်မသိ အမျိုးသား (၂) ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ယင်ူသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် မူလတန်းပြဆရာ ဦးနေဝင်းထွန်းသည် သေနတ်ထိမှန် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဦးလှိုင်မင်းထွန်းတွင်လည်း သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဉ်ကြောင့် သေဆုံးသွားသည့် မူလတန်းပြဆရာနှင့် ဒဏ်ရာရရှိခဲ့သည့် ဆရာ(၁) ဦးတို့အား ဆေးရုံသို့ပို့ဆောင်ကာ ဆေးဝါးကုသမှု ခံယူလျက်ရှိစေပြီး သေနတ်ဖြင့် ပစ်ခတ် ထွက်ပြေးသွားသည့် အမည်မသိ အမျိုးသား (၂) ဦးအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here