မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

0
137

မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်မောင်းလာသည့် အမျိုးသားတစ်ဦးသေနတ်ဖြင့်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့၊လယ်ကုန်းရပ် ကွက်တွင် ဇွန် ၂၇ ရက်(ယနေ့)နံနက်ပိုင်းက ဦးညွှန့်ဝေ(၅၂)နှစ်ခန့်သည် ဆိုင်ကယ်စီးလာစဥ် သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

ဦးညွှန့်ဝေသည် နံနက် ၉ နာရီခန့်က ဆိုင်ကယ်စီးလာစဥ် စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်ရှေ့အရောက်တွင် အမည်မသိအမျိုးသား ၂ ဦးမှ ဆိုင်ကယ်ဖြင့်နောက်မှလိုက်ပါမောင်းနှင်လာပြီး သေ နတ်ဖြင့်ပစ်ခတ်၍ထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

“သေနတ်နဲ့ပစ်ခံရတဲ့ ဦးညွှန့်ဝေက လယ်ကုန်းရပ် ကွက်၊နယ်မြေ(၁၃)ကအပိုင်းမှာနေတာ ကလေးတွေလည်းရှိတယ် သူ့မိသားစုက သိရသလောက်ဆိုရင် သူကသုံးဘီးဆိုင်ကယ်မောင်းတယ် ဘာဖြစ်လို့ပစ်ခံရတယ်ဆိုတာတော့မသိဘူး”ဟု ဒေ သခံတစ်ဦးကပြောသည်။

ဦးညွှန့်ဝေသည် သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ ၌သေဆုံးသွားသဖြင့် ရုပ်အလောင်းအား မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက စစ် ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများပြု လုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here