တနင်္သာရီတိုင်းအတွင်း ကုန်သွယ်မှုလုပ်ငန်းများ၌ ဘတ်/ကျပ်နှင့်ချင်းရွှေဟော်တွင် ယွမ်/ကျပ် တိုးချဲ့အသုံးပြုနိုင်ရန် ညှိနှိုင်းဆွေးနွေး

0
230

တနင်္သာရီတိုင်းအတွင်း ကုန်သွယ်မှုလုပ်ငန်းများ၌ ဘတ်/ကျပ်နှင့်ချင်းရွှေဟော်တွင် ယွမ်/ကျပ် တိုးချဲ့အသုံးပြုနိုင်ရန် ညှိနှိုင်းဆွေးနွေး

ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေနှင့်တာဝန်ရှိသူများမှ တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ကော့သောင်းတို့တွင် ကုန်သွယ်မှုလုပ်ငန်းများတွင် ဘတ်/ကျပ်နှင့်ချင်းရွှေဟော်တွင် ယွမ်/ကျပ် တိုးချဲ့အသုံးပြုနိုင်ရန် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ဗဟိုဘဏ်ဒု-ဥက္ကဋ္ဌနှင့်အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီအတွင်းရေး မှူးဦးညွန့်အောင်၊တွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးနှင့်တာဝန်ရှိသူများ၊မြန်မာ့စီးပွား ရေးဘဏ်၊ပြည်တွင်းပုဂ္ဂလိကဘဏ်များ၊ထိုင်းဘဏ်များဖြစ်သည့် Siam Commercial Bank၊ Bangkok Bank ၊ Kasikorn Bank တို့မှတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြသည်။

မြန်မာ-တရုတ်နှင့်မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ် ရေးတို့တွင် ပြည်တွင်းငွေကြေးများဖြစ်သည့် ယွမ်/ကျပ်၊ဘတ်/ကျပ် သုံးစွဲနိုင်ရေး၊ဘဏ်စနစ် အားပိုမိုအသုံးပြုနိုင်ရေး၊ ဘတ်/ကျပ်အနေဖြင့် မြဝတီ၊တာချီလိတ်တို့တွင်စတင်ခဲ့ပြီး ယခုအခါ မြိတ်၊ကော့သောင်းတို့၌ တိုးချဲ့ဆောင်ရွက်ရေးနှင့် ယွမ်/ကျပ် အနေဖြင့် ချင်းရွှေဟော်တွင် ပိုမိုတိုးချဲ့ ဆောင်ရွက်နိုင်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

အလားတူ ဇူလိုင်ပထမပတ်နှင့်ဒုတိယပတ်တို့တွင်လုပ်ငန်းများစတင်နိုင်ရန် ဘဏ်များ၊အကောက် ခွန်ဦးစီးဌာန၊စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအပြင် ဒေသဆိုင်ရာကုန်သည်များ၊ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင် ရွက်မည့် မြေပြင် Taskforce ဖွဲ့စည်းပြီး Standard of Procedures၊ Banking agreement များအား မြန်ဆန်စွာအကောင်အထည်ဖော်ရန် စာ ရင်းပြုစုခြင်းတို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ထိုင်းနိုင်ငံရှိမြန်မာအလုပ်သမားများ ထိုင်းဘဏ်မှတစ်ဆင့် ဘတ်ငွေဖြင့် ငွေလွှဲပြောင်းမှုများအား မြန်မာဘဏ်များမှလက်ခံ၍ မိဘဆွေမျိုးများထံ ပြန်လည်ထုတ်ပေးနိုင်ရန် အစီအစဉ်များအား ဆွေးနွေးခဲ့ကြသည်။

ဗဟိုဘဏ်၊စီးပွားကူးသန်းဝန်ကြီးဌာန၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီအတွင်းရေးမှူး၊တွဲဖက်အတွင်းရေးမှူးတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ယွမ်/ကျပ်နှင့်ဘတ်/ကျပ်များသုံးစွဲကာ ဒေသတွင်းကုန်သွယ်မှုပိုမိုတိုးချဲ့နိုင်ရေး၊ Exchange Rate Risk များ လျှော့ချနိုင်ရေးတို့အား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှစတင်ဖော်ဆောင်ခဲ့ရာ ယွမ်/ကျပ် Pilot ကာလ ၂၀၂၂ ခုနှစ်၊ဇန်နဝါရီမှ ၂၀၂၂ ခုနှစ်၊ဇွန် တတိယပတ်အထိ Export ရငွေ ယွမ် ၁၉၇ ဒသမ ၄၆၄သန်းနှင့် Import ပေးချေမှု ယွမ် ၇၇ ဒသမ ၆၉၉ သန်း၊ပိုငွေ ယွမ် ၁၁၉ ဒသမ ၇၆၅ သန်း ရှိခဲ့ကြောင်း သိရသည်။

အလားတူ ဘတ်/ကျပ် အနေဖြင့် Pilot ကာလ ၂၀၂၂ ခုနှစ်၊မတ်မှ ၂၀၂၂ ခုနှစ်၊ဇွန် တတိယပတ်အထိ Export ရငွေ ဘတ် ၁၅၄၀ ဒသမ ၄၆ သန်းနှင့် Import ပေးချေမှု ဘတ် ၁၁၃၇ ဒသမ ၉၅ သန်း ပိုငွေဘတ် ၄၀၂ ဒသမ ၅၁ သန်းဖြစ်ပေါ်ခဲ့သည်ဟု သိရသည်။

ထို့အတူ Worker Remittance အားဆောင်ရွက်ခွင့်ပြုခဲ့ပြီး ၂၀၂၂ ခုနှစ်၊ဇွန် တတိယပတ်အထိ ငွေဝင်ရောက်မှုမှာ ဘတ် ၂၉ ဒသမ ၅၄၈ သန်း ရှိခဲ့ကြောင်း သိရသည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန် ဆန်စေရေးဗဟိုကော်မတီနှင့်ဗဟိုဘဏ်တို့သည် ပြည်တွင်းဘဏ်များ၊ပြည်ပဘဏ်များနှင့်အ ကောင်အထည်ဖော်သည့် Payment Mechanism အား ဗဟိုဘဏ်မှဦးဆောင်၍ ဆွေးနွေးခဲ့ပြီး ဘတ်/ကျပ်၊ယွမ်/ ကျပ်ဆိုင်ရာများကို သက်ဆိုင် ရာ ထိုင်းဗဟိုဘဏ်၊တရုတ်ဘဏ်များ၊ထိုင်းဘဏ်များနှင့်ညှိနှိုင်း၍ ကုန်သွယ်မှုပိုလျှံငွေများမှ Convertible ပြုလုပ်နိုင်ရေး၊ Liquidity Support ၊ Trade Financing နှင့် Settlement Time များအား သေချာစွာသတ်မှတ်ပြီး သဘောတူစာချုပ်များချုပ်ဆိုခဲ့သည်။

 


LEAVE A REPLY

Please enter your comment!
Please enter your name here