G7 အစည်းဝေး ဂျာမဏီတွင်ကျင်းပ
G7 ထိပ်သီးအစည်းအဝေးကို Bavaria၊ Schloss Elmau တွင် ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပနေပြီဖြစ်သည်။ ဂျာမဏီ၏အဓိပတိOlaf Scholz က အစည်းအဝေးသို့တက်ရောက်လာသောနိုင်ငံ့ခေါင်းဆောင်အသီးသီးကိုကြိုဆိုခဲ့သည်။G7 တွင်ပါဝင်သော နိုင်ငံများမှာ ကနေဒါ၊ပြင်သစ်၊ဂျာမဏီ၊အီတလီ၊ဂျပန်၊ဗြိတိန်၊အမေရိကန် တို့ဖြစ်သည်။
G7 ထိပ်သီးစည်းဝေးပွဲသည် တိုးတက်မှု၊ သာယာဝပြောရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကိုတွန်းအားပေးရန်အတွက် စည်းလုံးညီညွတ်မှုပြနိုင်သည့်အခွင့်အရေးတစ်ခုဖြစ်သည်ဟုအဖွဲ့ဝင်နိုင်ငံများက မှတ်ယူကြသည်။
ယူကရိန်းအပေါ်စစ်ပွဲကြောင့်သက်ရောက်နေမှုများကို လျော့ပါးသက်သာစေရန် လိုအပ်နေသောစည်းလုံးညီညွတ်မှုနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်သွားမည်ဟုသိရသည်။
EU နှင့် G7 တို့သည် တူညီသော ရည်မှန်းချက်များဖြင့် ၄င်းတို့၏ စီးပွားရေးနှင့် မိတ်ဖက်များကို ကာကွယ်ရင်း ရုရှား၏ စစ်ယန္တရားများကို တားဆီးသွားမည်ဟုဆိုသည်။
ထိပ်သီးစည်းဝေးပွဲမစမီ ဥရောပသမဂ္ဂ အရာရှိတစ်ဦးက ” G7 ရဲ့အဓိကအာဘော်ကတော့ စည်းလုံးညီညွတ်မှုနဲ့ ညှိနှိုင်း ဆောင်ရွက်မှုတွေပဲဖြစ်ပါတယ်” ဟုပြောခဲ့သည်။
Ref: consilium.europa.eu