လုပ်ပိုင်ခွင့် အာဏာသာရပါက (၁၀) နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင်လုပ်မည်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

0
176

လုပ်ပိုင်ခွင့် အာဏာသာရပါက (၁၀) နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင်လုပ်မည်ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်ပြော

၎င်းအနေဖြင့် တိုင်းပြည်တိုးတက်အောင် လုပ်ပိုင်ခွင့် အာ ဏာရလာပါက (၁၀) နှစ်အတွင်း မူးယစ်ဆေးဝါး ပပျောက်အောင် လုပ်ဆောင်မည်ဟု ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ဇွန်လ (၂၆ ) ရက်က ကျရောက်သော အပြည်ပြည်ဆိုင် ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် ရောင်းဝယ်ဖောက် ကားမှု ပပျောက်ရေးနေ့သို့ ပေးပို့သည့် သဝဏ်လွှာတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

” များသောအားဖြင့် မူးယစ်ဆေးဝါးများဟာ မိမိတို့ ရှမ်းပြည်က ထွက်တာကြောင့် မိမိတို့အဖွဲ့အစည်းသည် မူး ယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ သတင်းအချက်များကို လေ့ လာတွေ့ရှိထားပြီးဖြစ်တယ်။ ဒါကြောင့် မိမိတို့တိုင်းပြည်တိုးတက်ရေးအတွက် လုပ်ပိုင်ခွင့်အာဏာရရှိလာပါက (၆)နှစ်ကနေ (၁၀) နှစ်အတွင်း မူးယစ်ဆေးဝါးပပျောက်သွားအောင် ဆောင်ရွက်မယ်လို့လည်း ကြေညာထားပြီဖြစ်တယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က ပြောသည်။

ထို့အပြင် မူးယစ်ဆေးဝါး ပပျောက်ရေးအတွက် မည်သည့်နိုင်ငံကိုမှ အားကိုး၍ ရမည် မဟုတ်ဘဲ ကိုယ့်အား ကိုယ်ကိုးရမည်ဖြစ်သည့်အတွက် မိဘများအနေဖြင့် မိမိတို့၏ သားသမီးများကို ထိန်းသိမ်းဆုံးမပေးကြရန်လည်း ၎င်းက တောင်းဆိုသည်။

မူးယစ်ဆေးဝါး ပပျောက်အောင် ဆောင်ရွက်မှု မအောင် မြင်ရသည့် အချက်များစွာ ရှိသည့်အနက် အစိုးရအဖွဲ့များအနေဖြင့် မူးယစ်ဆေးဝါး ရောင်းချသည့်အဖွဲ့များထံမှ လာဘ်စားကာ မူးယစ်ဆေးရောင်းချမှုများကို မျက်ကွယ်ပြုထားသည့် အချက်လည်း ပါဝင်နေကြောင်း ၎င်းက ပြောသည်။

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါး ပပျောက်ရေးနှင့် ဘိန်းအစားထိုးသီးနှံများ စိုက်ပျိုးရေး၊ စီးပွားရေးလုပ် ငန်းများ ဖန်တီးပေးနိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်တွင် ထည့်သွင်း ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးမှုများ အကောင်အထည်ဖော်မှု ပထမအ ဆင့်အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်သွားရန် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကပင် RCSS ၊ နိုင်ငံတော်အစိုးရနှင့် ၊ UNODC တို့ ဆွေးနွေးကာ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီးဖြစ်ကြောင်းလည်း သိရသည်။

ယခုနှစ် မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် ရောင်းဝယ်ဖော က်ကားမှု ပပျောက်ရေးနေ့တွင် ရန်ကုန် မန္တလေးအပါ အ ဝင် တိုင်းရင်းသား ဒေသအချို့တွင်လည်း ဖမ်း ဆီးရမိထားသည့် မူးယစ်ဆေးဝါး အမြောက်အများကို သက် ဆိုင်ရာက မီးရှို့ ဖျက်ဆီး ပစ်ခဲ့ကြသည်။

ရန်ကုန်တိုင်းတွင် ကာလတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၉၀ ကျော်၊ မန္တလေးတွင် ကျပ်ငွေ ဘီလီယံ ၃၀၀ ကျော် တန်ဖိုးရှိ တရားမဝင် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက် ဆီးပစ်ခဲ့ကြပြီး ဝပြည်သွေးစည်း ညီညွတ်ရေးပါတီကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ဖမ်းဆီးရမိထားသည့် မူးယစ်ဆေးဝါးများကို ယမန်နေ့က မီးရှို့ဖျက်ဆီးပစ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရန်ကုန်တိုင်းအတွင်းမှဖမ်း ဆီးရမိခဲ့သည့် ငွေကျပ် ၃၅၆ ဒသမ ၆၈ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၁၉၂ သန်းကျော်)တန် ဖိုးရှိ ဘိန်းဖြူ ၁၆၂ ဒသမ ၉၂ကီလို၊ကတ်တမင်း ၁၃၄၅ ဒသမ ၉၂၂ကီလို၊စိတ်ကြွဆေးပြား ၆၅ သန်းကျော်၊အိုက်(စ်) ၇၅၉၉ ကီလိုကျော်၊ဘိန်းစာ ရွက် ၁၁၇၇ ကီလိုကျော်၊ဆေးခြောက် ၄၆၃ ကီလိုကျော် အပါအဝင်မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်း ၃၃ မျိုးအား မီးရှို့ဖျက် ဆီးခဲ့ခြင်းဖြစ်သည်။

မန္တလေးတိုင်းတွင် မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများမှာ ဘိန်း ၊ဘိန်းဖြူ၊စိတ်ကြွဆေးပြား၊ဆေးခြောက်၊ကတ်တမင်း စသည့်အမျိုးအစား ၂၅ မျိုးအား ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ငွေကျပ် ၃၁၆ ဒသမ ၇၇၈၈ ဘီလီယံတန်ဖိုးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here