သာကေတမြို့နယ်ရှိ ၄/တောင်ရပ်ကွက်၌ ရေပေးဝေရန် DMA Network လုပ်ငန်းများဆောင်ရွက်

0
204

သာကေတမြို့နယ်ရှိ ၄/တောင်ရပ်ကွက်၌ ရေပေးဝေရန် DMA Network လုပ်ငန်းများဆောင်ရွက်

ရန်ကုန်တိုင်း၊သာကေတမြို့နယ်၌ ရေပေးဝေနိုင်ရန် ရေပိုက်လိုင်းဆက်သွယ်ချထားမှုမရှိသေးသည့် ၄/တောင်ရပ်ကွက်၌ HDPE ပိုက်လိုင်းများဆက်သွယ်၍ District Metering Area-DMA Network လုပ်ငန်းဆောင်ရွက်ခြင်းများအား YCDC အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ပြု လုပ်ခဲ့ကြသည်။

သာကေတမြို့နယ်အတွင်း၌ DMA Network အား ၂၀၂၂-၂၀၂၃ ဘဏ္ဏာ​နှစ်အတွက် ဇွန် ၂၁ ရက်မှစ တင်၍ YCDC အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာ၌ DMA(2-TX04)တွင် 220 mmHDPE ပိုက် ၁၇၆၀ ပေ၊ 160 mmHDPE ပိုက် ၉၆၀၀ ပေ၊ 110 mmHDPE ပိုက် ၅၂၀၀ ပေ၊ 90 mmHDPE ပိုက် ၁၅၄၄၀ ပေ ဆက်သွယ်သွားမည်ဖြစ်သည်။

လှော်ကားရေတွန်းစက်ရုံ၊ငမိုးရိပ်ရေသန့်စင်စက်ရုံနှင့်လဂွန်းပြင်ရေသန့်စက်စက်ရုံများမှတဆင့် သာကေတမြို့နယ်အတွင်းသို့ ရေပေးဝေလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here