အိန္ဒိယဝန်ကြီးချုပ် မိုဒီ G7 မှအပြန်ယူအေအီးသို့ ဝင်မည်

0
148

အိန္ဒိယဝန်ကြီးချုပ် မိုဒီ G7 မှအပြန်ယူအေအီးသို့ ဝင်မည်

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နရန်ဒရာ မိုဒီသည် ဇွန်လ ၂၈ ရက်နေ့၌ ယူအေအီးသို့ သွားရောက်လည်ပတ်မည်ဖြစ်ကြောင်း အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

မိုဒီသည် ဂျာမနီ၌ကျင်းပ​နေသော G7 ထိပ်သီးအစည်းအဝေကို တက်ရောက်​နေပြီးနက်ဖန် အစည်း​ဝေးအပြီးတွင် ယူအေအီးသို့ဆက်လက် ခရီးဆက်မည်ဖြစ်သည်။

အဆိုပါခရီးစဉ်အတွင်း ဝန်ကြီးချုပ်မိုဒီသည် ​မေလက ကွယ်လွန်သွား​သောယူအေအီးသမ္မတဟောင်းနှင့် အဘူဒါဘီ အုပ်ချုပ်သူ ရှိတ် ခါလီဖာ ဘင် ဇေးဒ် အယ်လ် နယန် (Sheikh Khalifa bin Zayed Al Nahyan)အား ဝမ်းနည်းဂါရဝသွားပြုမည်ဖြစ်ကြောင်း သိရသည်။

ထို့​နောက်မိုဒီသည် အသစ်ရွေးကောက်တင်မြှောက်ခံထားရသော သမ္မတသစ် ရှိတ် မိုဟာမတ် ဇေးဒ် အယ်လ် နယန် အား ဂုဏ်ပြုစကားဆိုသွားမည်ဖြစ်သည်။

ဝန်ကြီးချုပ်မိုဒီသည် ဇွန်လ ၂၈ ရက်ည၌ပင် ယူအေအီးမှပြန်လည် ထွက်ခွာသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထပ်လောင်းပြောကြားခဲ့သည်။

အိန္ဒိယနှင့် ယူအေအီးသည် ကောင်းမွန်ခိုင်ခံ့သော ဆက်ဆံရေးရှိကြပြီး ၂၀၂၁ ခုနှစ်တွင် အိန္ဒိယသည် ယူအေအီး၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက် ဖြစ်လာခဲ့သည်။

ယူအေအီးသမ္မတသစ် ရှိတ်မိုဟာမတ်နှင့် ဝန်ကြီးချုပ်မိုဒီတို့သည်လည်း ရင်းနှီးသောဆက်ဆံရေးများရှိကြပြီး မိုဒီ နောက်ဆုံးလာရောက်လည်ပတ်ခဲ့စဉ်တုန်းကယူအေအီးအစိုးရသည် မိုဒီအား ယူအေအီး၏အမြင့်ဆုံး အရပ်သားဆုဖြစ်သည့် ‘Order of Zayed’ အားချီးမြှင့်ခဲ့သည်။

Source: Khaleej times


LEAVE A REPLY

Please enter your comment!
Please enter your name here