ကွမ်းခြံကုန်းမြို့နယ်အတွင်း၌ ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီး စီးနင်းခွင့်ရက်အကန့်အသတ်မရှိပိတ်

0
85

ကွမ်းခြံကုန်းမြို့နယ်အတွင်း၌ ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီး စီးနင်းခွင့်ရက်အကန့်အသတ်မရှိပိတ်

ရန်ကုန်တိုင်း၊ကွမ်းခြံကုန်းမြို့နယ်တွင် ဆိုင်ကယ်နှင့်ဘက်ထရီဘီးများ စီးနင်းခွင့်အား ဇွန် ၂၅ ရက်မှစတင်၍ ရက်အကန့်အသတ်မရှိ ပိတ်ခဲ့သည်ဟု မြို့နယ်နေသူများထံမှ သိရသည်။

“ဆိုင်ကယ်၊ဘက်ထရီစက်ဘီး စီးခွင့်ပိတ်လိုက်တယ်ဆိုပြီး ရပ်ကွက်အလိုက် အုပ်ချုပ်ရေးမှူးရုံးက လူတွေလိုက်အော်နေတာတော့ကြားတယ် ကျွန်တော်တို့ဘက်မှာ ဆိုင်ကယ်နဲ့မှသွားရတာအဆင်ပြေတဲ့ လမ်းတွေရှိတော့ အခက်အခဲတွေတော့ဖြစ်တာပေါ့ဗျာ”ဟု ကွမ်းခြံကုန်းမြို့နယ်နေသူတစ်ဦးကပြောသည်။

ထိုသို့ ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီးစီးနင်းခွင့် ရက်အကန့်အသတ်မရှိပိတ်ခြင်းအား ဇွန် ၂၅ ရက်ညပိုင်းမှစတင်၍ သက်ဆိုင်ရာ ရပ်ကွက်၊ကျေးရွာအလိုက် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ လိုက်လံအသိပေးကြေညာခဲ့ကြကြောင်း သိရသည်။

“ဆိုင်ကယ်နဲ့ဘက်ထရီစက်ဘီးစီးခွင့်ပိတ်တယ် စီးတာတွေ့ရင် ဖမ်းမယ်လို့လည်းလိုက်ကြေညာတဲ့အထဲမှာထည့်ပြီးအော်သွားတယ် ကျွန်တော်တို့မိသားစုစားဝတ်နေရေးအတွက် ဆိုင်ကယ်ကယ်ရီဆွဲပြီးပိုက်ဆံရှာနေရတာမှာ အခုတော့ ဆိုင်ကယ်ပြန်စီးခွင့်ရမယ့်အချိန်အထိတော့ တခြားအလုပ်ရှာရတော့မှာပေါ့ဗျာ”ဟု ကွမ်းခြံကုန်းမြို့နယ်နေ ဆိုင်ကယ်ကယ်ရီမောင်းနှင်သူတစ်ဦးကပြောသည်။

ကွမ်းခြံကုန်းမြို့နယ်သည် ဆိုင်ကယ်နှင့်ဘက်ထရီစက်ဘီးစီးနင်းခွင့်ပိတ်ပင်ခဲ့သည့် သန်လျင်၊ဒလ၊တွံ တေး၊ကော့မှူး၊လှိုင်သာယာမြို့နယ်များပြီးနောက် ထပ်မံတား မြစ်ခဲ့သည့် မြို့နယ်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here