ကသာမြို့နယ်ရှိ ပေါမမြိုင်ကျေးရွာအတွင်းသို့ လက်နက်ကိုင်အဖွဲ့ဝင်များ လက်နက်ကြီးဖြင့်ပစ် ခတ်၍ အမျိုးသားတစ်ဦးဒဏ်ရာရ
စစ်ကိုင်းတိုင်း၊ကသာမြို့နယ်၊ပေါမမြိုင်ကျေးရွာအတွင်းသို့ ဇွန် ၂၅ ရက်မွန်းတည့် ၁၂ နာရီခွဲက လက်နက်ကိုင်အဖွဲ့ဝင်များမှ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်ဟု နစက မှထုတ်ပြန်ခဲ့သည်။
ပေါမမြိုင်ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးအုန်းမောင်(၆၀)နှစ်၏ သွပ်မိုး၊ထရံကာ၊ပျဥ်ခင်း ၂ ထပ် နေအိမ်ပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ဦးအုန်းမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး နေအိမ်၏ အမိုး၊အကာနှင့်ကြမ်းပြင်များပေါက်ပြဲပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် မိုးစထိမှန်ဒဏ်ရာများရရှိခဲ့သည့် ဦးအုန်းမောင်အား ကသာမြို့ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားသည်ဟု သိရသည်။