မုဒုံမြို့နယ်တွင် ခရီးသည်တင်ကားတိမ်းမှောက်၍ အမျိုးသား ၂ ဦးဒဏ်ရာရ

0
221

မုဒုံမြို့နယ်တွင် ခရီးသည်တင်ကားတိမ်းမှောက်၍ အမျိုးသား ၂ ဦးဒဏ်ရာရ

မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ကျောက်တစ်လုံးကျေး ရွာအနီးရှိ ရန်ကုန်-မုဒုံသွားကားလမ်းတွင် ဇွန် ၂၆ ရက်ညပိုင်းက ခရီးသည်တင်ကားတစ်စီးတိမ်းမှောက်ခဲ့သည်ဟု မြန်မာ့လူငယ်(မုဒုံ)အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယင်းနေ့ည ၈ နာရီကျော်ခန့်က ကျောက်တစ်လုံးကျေးရွာအနီးရှိ ရန်ကုန်-မုဒုံသွားကားလမ်း၏ မောင်စိန်ကုန်းအနီးတွင် ရန်ကုန်-မြိတ်-ကော့သောင်းသွားခရီးသည်တင်ကားသည် အခင်းဖြစ်နေရာအရောက်တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသည်တင်ကားတိမ်းမှောက်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် သံဃာတော် ၂ ပါး၊အမျိုးသား၊အမျိုးသမီး ၄၇ ဦး(စုစုပေါင်း ၄၉ ဦး)အနက် အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။

“တစ်ယောက်ကတော့ အသက်ရှူကြပ်သွားတယ် နောက်တစ်ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေပေါ့ မစိုးရိမ်ရပါဘူး ကျန်တဲ့လူတွေကတော့ အ နည်းအကျဥ်းထိခိုက်မိတာလောက်ပဲရှိလို့ ကျွန် တော်တို့အသင်းက ရှေးဦးလူနာပြုစုနည်းနဲ့ကုသပေးခဲ့ပါတယ်”ဟုမြန်မာ့လူငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ထို့ကြောင့် အသက်ရှူကြပ်လူနာနှင့်ထိခိုက်ပွန်းပဲ့ဒဏ်ရာရရှိခဲ့သူတို့အား မုဒုံမြို့နယ်ပြည်သူ့ဆေးရုံမှတဆင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံသို့ ဆေး ကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ကားပေါ်မှာပါတဲ့ ကျန်ခရီးသည်တွေကိုတော့ ကျောက်တစ်လုံး၊နဂါးမောက်တောင်ခြေကျောင်းက ဓမ္မာရုံကိုပို့ဆောင်ပေးခဲ့ပါတယ်”ဟု မြန်မာ့လူ ငယ်(မုဒုံ)အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်အား မုဒုံမြို့နယ်မီးသတ်ဦးစီးဌာန၊မော်လမြိုင် ရာမညအရေးပေါ်လူမှုကယ်ဆယ်ရေးကွန်ယက်၊ကန်ကြီးလူငယ်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(K-Rescue Medical Team)၊သံဖြူဇရပ်မြို့ စေတနာရှင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊အေး မြကြည်လင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊ရွှေနတ်တောင်လူမူကယ်ဆယ်ရေးအဖွဲ့၊ကျောက်တစ် လုံးလူမူကူညီရေးအသင်း၊ဇီဝိတဖောင်းဒေရှင်အ သင်းများမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here