ထီးလင်းတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်သည့် ဗုံးစ မှန်၍ မိသားစုဝင် (၃) ဦး သေဆုံး

0
121

ထီးလင်းတွင် လက်လုပ်စိန်ပြောင်းဖြင့် ပစ်သည့် ဗုံးစ မှန်၍ မိသားစုဝင် (၃) ဦး သေဆုံး

မကွေးတိုင်း ဒေသကြီး ထီးလင်းမြို့တွင် လက်လုပ်စိန် ပြောင်းဖြင့် ပစ်သည့် ဗုံးစထိမှန်ကာ ရပ်ကွက်နေ ပြည်သူ မိသားစုဝင် (၃) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ (၂၆) ရက် ည (၉) နာရီခန့်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့၏ အနောက်မြောက်ဘက် တစ်မိုင်ခန့်အကွာရှိ တောစပ်မှနေ၍ လက်လုပ်စိန်ပြောင်းများဖြင့် ထီးလင်းမြို့အတွင်းသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုကြောင့် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အခြေခံ ပညာ အထက်တန်းကျောင်း အနောက်ဘက်နှင့် အမှတ် (၁)ရပ်ကွက်ရှိ နေအိမ်တစ်လုံးပေါ်သို့ ဗုံးသီးများ ကျရောက် ပေါက်ခွဲ့ ကြောင်း သိရသည်။

ထိုသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဦးအောင်သန်းဝင်း၊ ဇနီးဖြစ်သူ ဒေါ်ကြည်တင်နှင့် သမီးဖြစ်သူ မယမင်းအိတို့တွင် ဗုံးစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ဒဏ်ရာရရှိသူများအား ဆေးကုသမှု ခံယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ထီးလင်းမြို့နယ် ပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ဆေးကုသစဉ် ၎င်းတို့ (၃) ဦးမှာ ရရှိထားသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပစ်ခတ်မှု၌ ပါဝင်ခဲ့သူများကို ဖမ်း ဆီးရမိရေး သက်ဆိုင်ရာက လုပ်ဆောင်နေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here