နေတိုးကခရိုင်မီးယားသို့ ကျူးကျော်လာပါက တတိယကမ္ဘာစစ်ဖြစ်လာနိုင်သည်ဟု ရုရှားသမ္မတဟောင်း မက်ဗီဒက် ပြောကြား

0
134

နေတိုးကခရိုင်မီးယားသို့ ကျူးကျော်လာပါက တတိယကမ္ဘာစစ်ဖြစ်လာနိုင်သည်ဟု ရုရှားသမ္မတဟောင်း မက်ဗီဒက် ပြောကြား

နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံမှ ခရိုင်မီးယားကျွန်းဆွယ်သို့ ကျူးကျော်ဝင်ရောက်မည်ဆိုပါက ရုရှားအား စစ်ကြေညာလိုက်ခြင်းဟုယူဆမည်ဖြစ်ကာ တတိယကမ္ဘာစစ်သို့ ဦးတည်သွားနိုင်ကြောင်း ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက်က ဇွန် ၂၇ ရက် တနင်္လာနေ့တွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့အတွက် ခရိုင်မီးယားဟာ ထာဝရ ရုရှားပိုင်နယ်မြေဖြစ်ပါတယ်။ ဒါကြောင့် ခရိုင်မီးယားကို ချဉ်းကပ်လာတဲ့ ဘယ်လိုကျူးကျော်မှုမျိုးမဆို ကျွန်တော်တို့နိုင်ငံကို စစ်ကြေညာတာနဲ့အတူတူပါပဲ”ဟု မက်ဗီဒက်က Argumenty i Fakty သတင်းဌာန သို့ပြောကြားခဲ့သည်။

အကယ်၍ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုက ကျူးကျော်ခဲ့လျှင်လည်း မြောက်အတ္တလန္တိတ် မဟာမိတ်အဖွဲ့တစ်ခုလုံးနှင့် ပဋိပက္ခဖြစ်သွားနိုင်ကာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်ကြောင်း မက်ဗီဒက် က ဆက်လက်ပြောကြားခဲ့သည်။

ထို့နောက် မက်ဗီဒက်က ဖင်လန်နှင့် ဆွီဒင်တို့ နေတိုးအဖွဲ့အစည်းအတွင်းသို့ ဝင်ရောက်ပါဝင်လာပါက ရုရှားသည် ၎င်း၏နယ်စပ်ဒေသများ၌ စစ်အင်အားများတိုးချဲ့သွားမည်ဖြစ်ကာ အသံထက်မြန်သော ဒုံးပျံများကိုပါ တပ်ဆင်လာနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သမ္မတ​ဟောင်း မက်ဗီဒက်သည် ယခုလက်ရှိ ရုရှားလုံခြုံရေးကောင်စီ၏ လက်ထောက်ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

Source: Reuters

 


LEAVE A REPLY

Please enter your comment!
Please enter your name here