ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား စွဲဆိုထားသော ရဟတ်ယာဥ်ငှားရမ်းသုံးစွဲသည့်အမှုအတွက် ဒုဝန်ကြီးဦးစိုးအောင်ကို စစ်ဆေးကြားနာ
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးဝင်းမြင့်တို့နှစ်ဦးအား စွဲဆိုထားသော ရဟတ်ယာဥ် ငှားရမ်းသုံးစွဲခဲ့သည့်အမှု တစ်မှုအတွက် ယမန်နေ့ ဇွန် ၂၇ ရက်တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအသိုင်းအဝိုင်းထံမှသိရသည်။
အမှုနှင့်ပတ်သက်၍ စစ်ဆေးရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ကို တရားခံရှေ့နေအဖွဲ့က ပြန်လှန်မေးခွန်းများမေးမြန်းကာ စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ထို့နောက် ရုံးချိန်းကို လာမည့် ဇူလိုင် ၄ရက်သို့ပြန်လည်ချိန်းဆိုခဲ့ပြီး၊ ယခုစစ်ဆေးလိုက်သည့် အမှုမပြီးပြတ်သေးသည့်အတွက် ဒုဝန်ကြီးဦးစိုးအောင်ကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်သည်။
ယင်းနေ့တွင် ရဟတ်ယာဥ် ငှားရမ်း၊ ဝယ်ယူ၊ ပြင်ဆင်မှုများနှင့်ပတ်သက်၍ စွဲဆိုထားသောအမှုငါးမှု လုံးအတွက် စစ်ဆေးသွားရန်ရှိကြောင်းသိရသည်။
အဆိုပါရဟတ်နှင့်ပတ်သက်၍ တရားစွဲဆိုထားသော အမှုငါးမှုရှိရာ၊ ယင်းအမှုများအတွက်အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ညွှန်မှူး ဦးအောင်ခန့် က တရားလိုပြုလုပ်ကာစွဲဆိုထားသောအမှုများဖြစ်သည်။