ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်အမျိုးသမီး၏နေအိမ် မီးပုလင်းဖြင့်ပစ်ပေါက်ခံရပြီး မီးလောင်ပျက်စီး

0
214

ပြည်ကြီးတံခွန်မြို့နယ်တွင် ရပ်ကျေးအဖွဲ့ဝင်အမျိုးသမီး၏နေအိမ် မီးပုလင်းဖြင့်ပစ်ပေါက်ခံရပြီး မီးလောင်ပျက်စီး

မန္တလေးတိုင်း၊ပြည်ကြီးတံခွန်မြို့နယ်၊(စ)ရပ် ကွက်၏ ရပ်ကျေးအဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဒေါ်ရတနာစိုး၏ နေအိမ်သည် ဇွန် ၂၇ ရက်ညပိုင်းက မီးပုလင်းဖြင့်ပစ်ပေါက်ခံရပြီးနောက် မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။

(စ)ရပ်ကွက်၊၆၁ လမ်း၊ ၆၂ လမ်းနှင့် ၁၂၃ ကြားရှိ ရပ်ကျေးအဖွဲ့ဝင် ရာအိမ်မှူးဒေါ်ရတနာစိုး၏ နေ အိမ်အား ည ၁၂ နာရီခွဲခန့်တွင် အမည်မသိအမျိုး သားများက ဆိုင်ကယ်များဖြင့်ရောက်ရှိလာကာ မီးပုလင်းဖြင့်ပစ်ပေါက်၍ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ မီးပုလင်းဖြင့်ပစ်ပေါက်ခံရမှုကြောင့် ဒေါ်ရတနာစိုး၏နေအိမ်မှာ မီးလောင်ခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်း၊ပြည်ကြီးတံခွန်မြို့နယ်အရန်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁ နာရီ ၁၁ မိ နစ်၌ မီးငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ထုတ်ပြန်ထားသည်။

မီးလောင်မှုကြောင့် ရာအိမ်မှူးဒေါ်ရတနာစိုး၏ နေအိမ်နှင့်ဆိုင်ကယ် ၂ စီးမှာ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဥ်မှပြစ်မှုကျူးလွန်သူများအား ဖမ်း ဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက စုံ စမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here