ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Crash Landing On You မှ Son Ye-Jin

0
270

ရင်သွေးလေး လွယ်ထားရပြီဖြစ်တဲ့ Crash Landing On You မှ Son Ye-Jin

နာမည်ကြီး ဒရာမာစီးရီး Crash Landing On You ရိုက်ကူးပြီးနောက်ပိုင်း ချစ်သူစုံတွဲများဖြစ်လာကာ မတ်လ ၃၁ ရက်နေ့၌ လက်ထက်ထိမ်းမြှားခဲ့ကြသော Son Ye-jin နှင့် Hyun Bin တို့သည် ၎င်းတို့တွင် ရင်သွေးဦးလေးအား လွယ်ထားရပြီဖြစ်ကြောင်း ကြေငြာခဲ့သည်။

အသက် ၄၀ အရွယ် Sonသည် ဇွန်လ ၂၇ ရက် တနင်္လာနေ့က အင်စတာဂရမ်ပေါ်တွင် ပို့စ်တစ်ခုရေးသားကာ ပရိတ်သတ်များအား မျှဝေခဲ့ကြသည်။

အဆိုပါပို့စ်၌ Sonက”ဒီနေ့ ဝမ်းသာစရာ သတင်းလေးတစ်ခုကို အားလုံးနဲ့ မျှဝေချင်ပါတယ်။ အဲဒါက Hyunနဲ့ကျွန်မတို့ကြား မိသားစုဝင်အသစ်ရောက်လာတော့မယ် ဆိုတာပါပဲ။ အခုထိ ကိုယ်ဝန်ရတာ တကယ်လားဆိုတာကို မယုံနိုင်သေးပေမယ့် ဗိုက်ထဲက ရင်သွေးလေး တစ်နေ့ပြီးတစ်နေ့ ကြီးထွားလာတာကို စိုးရိမ်ပူပင်မှုတွေရော ပျော်ရွှင်ဝမ်းသာမှု​တွေနဲ့ပါအတူ ဖြတ်ကျော်နေပါတယ်။ ကျွန်မအရမ်းပျော်ရွှင်ဝမ်းသာနေပေမယ့် ရင်သွေးလေးကို ဂရုစိုက်နေရတာကြောင့် ဘယ်သူကိုမှ မပြောပြနိုင်ခဲ့တာပါ။ အဲဒါကြောင့် အရမ်းနောက်မကျခင် ဒီသတင်းကို ကျွန်မတို့နဲ့ထပ်တူ စောင့်မျှော်နေတဲ့ ပရိသတ်ရော လုပ်ဖော်ကိုင်ဖက်များကို ပါ ပြောပြလိုက်ရခြင်း ဖြစ်ပါတယ်” ဟု ရေးသားခဲ့သည်။

Son နှင့် Hyun တို့သည် ၂၀၁၈ ခုနှစ်ထွက် သည်းထိတ်ရင်ဖိုဇာတ်လမ်း The Negotiation မှာ ပထမဆုံးအကြိမ်အတူတူ သရုပ်ဆောင်ခဲ့ပြီး Crash Landing On You ဒရာမာစီးရီး၌လည်း အတူတူ ထပ်မံသရုပ်ဆောင်ခဲ့ကြကာ ၎င်းစီးရီးနှင့်အတူ လူသိများကျော်ကြားလာခဲ့သည်။

အဆိုပါ ဒရာမာစီးရီး ပြီးဆုံးပြီးနောက်ပိုင်း ၎င်းတို့နှစ်ဦးတွဲနေပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာပြီး ယခုနှစ်အစောပိုင်း မတ်လ၌လက်ထပ်မင်္လာကို သီးသန့်ဧည့်သည်​တော်များဖြင့်သာ အကျဥ်းချုံးအခမ်းအနားကျင်းပခဲ့သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here