ရေးမြို့နယ်တွင် ကင်းစောင့်နေသည့် ပြည်သူ့ စစ်များ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ (၅) ဦးသေဆုံး

0
189

ရေးမြို့နယ်တွင် ကင်းစောင့်နေသည့် ပြည်သူ့ စစ်များ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ (၅) ဦးသေဆုံး\

မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ လုံခြုံရေး ကင်းစခန်းတစ်ခု ဇွန်လ (၂၇) ရက် နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံရသည့်အတွက် ကင်းစောင့်နေသည့် ပြည်သူ့စစ်အဖွဲ့ဝင် (၅) ဦး သေဆုံးသွားကြောင်း သိရသည်။

ရေးမြို့နယ်၊ အစင်ကျေးရွာအဝင် တံတားအနီးရှိ လုံခြုံ ရေးကင်းအား လက်နက်ကိုင်ဆောင်ထားသူများက ဇွန်လ (၂၇) ရက် နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံသတင်းရင်းမြစ်များ ထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ပြည်သူ့စစ် (၅) ဦးသေဆုံးပြီး (၁) ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

” လေးယောက်က နေရာမှတင် သေတယ်။ တစ်ယောက်ကတော့ ဆေးရုံပို့ရင်း သေတယ်လို့ ကြားတယ်။ သေနတ် (၃) လက်လည်း ပါသွားတယ်လို့ပြောတယ်” ဟု ရေးမြို့‌ခံတစ်ဦးက ပြောသည်။

လက်နက်ကိုင်အဖွဲ့များက ဆိုင်ကယ်များဖြင့်လာရောက်ကာ လုံခြုံရေး ကင်းစခန်းအား ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့စစ်အဖွဲ့မှ (၄) ဦး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာရရှိသူ (၂) ဦးအား ဆေးရုံသို့ ပို့ဆောင်စဉ် (၁) ဦး ထပ်မံသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး လက်ရှိတွင် လည်း မြို့ဝင်၊ မြို့ထွက် လုံခြုံရေးဂိတ်များတွင်လည်း စစ်ဆေးရေးများ တိုးမြှင့်လုပ်နေကြောင်းလည်း သိရသည်။

အဆိုပါ ပစ်ခတ်မှုအား ရေးဘီလူး အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here