စီးပွားရေး တောင့်တင်းမှသာ အေးချမ်းသာယာသည့် အနာဂတ် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော

0
181

စီးပွားရေး တောင့်တင်းမှသာ အေးချမ်းသာယာသည့် အနာဂတ် နိုင်ငံတော်ကို တည်ဆောက်နိုင်မည်ဟု မကွေးတိုင်း ဝန်ကြီးချုပ်ပြော

နိုင်ငံတော်၏ စီးပွားရေး တောင့်တင်းမှသာ ခေတ်မီပြီး အေးချမ်းသာယာသည့် အနာဂတ်နိုင်ငံတော်ကို တည် ဆောက်နိုင်မည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးဝန် ကြီးချုပ် ဦးတင့်လွင်က ပြောသည်။

ဇွန်လ (၂၇) ရက်က ပြုလုပ်သည့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၆/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။

“နိုင်ငံ၏ စီးပွားရေး တောင့်တင်းမှသာ ခေတ်မီပြီး အေး ချမ်းသာယာဝပြောသည့် အနာဂတ်နိုင်ငံတော်ကို တည် ဆောက်နိုင်မှာဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အစရှိသည်တိုလည်း တိုးတက်လာမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးတင့်လွင်က ပြော သည်။

ထို့အပြင် နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ရေးတွင် နိုင်ငံ ခြားရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်လာ‌ရေးသည်လည်း အဓိက အခန်းကဏ္ဍတွင် ရှိသည့်အတွက် ရင်းနှီးမြှုပ် နှံမှုများဝင်ရောက်လာရန် ဘက်ပေါင်းစုံမှ ပြင်ဆင်ထားပြီး ဖိတ်ခေါ်နေရမည်ဟုလည်း ၎င်းက ဆိုသည်။

ဌာနဆိုင်ရာများအနေဖြင့်လည်း ရင်းနှီးမြှုပ်နှံသူများ၏ လိုအပ်ချက်များကို အချိန်နှင့်တစ်ပြေးညီ ပူးပေါင်းဆောင်ရွက်ပေးပြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှ နိုင်ငံအတွက်ရသင့် ရထိုက်သည့် အလုပ်အကိုင်အခွင့်အလမ်းများ နည်းပညာနှင့် လုပ်ခလစာများရရှိရန်နှင့် လူမှုပတ် ဝန်းကျင်ကို မထိခိုက်စေဘဲ ဒေသနှင့် ကိုက်ညီသည့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာရန် Target ထားပြီး ဖိတ်ခေါ်ကြရန်လည်း ဝန်ကြီးက မှာကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း မကွေးတိုင်းဒေ သကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးသို့ ဆက်သွယ်ဆောင် ရွက်နိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here